မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ကိုလဲ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်ပါပြီ။သပိတ်မြို့မြောက်ပိုင်းမှာခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားဖြည့်ပြီးစစ်ကြောင်းပြန်ထိုးလာရာမှာ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို ကျော်လွန်ပြီးမြို့ပေါ်အထိရောက်ရှိလာခဲ့တယ်။စစ်ကောင်စီရဲ့ ထိုးစစ်စတင်ပြီးတပတ်ကျော်အကြာမှာပဲ မြို့ကိုပြန်ပေးလိုက်ရတာတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပေါ့ဆလွန်းတယ်လို့ထင်တယ်။အခုလောလောဆယ်တော့ ရွှေလုပ်ကွက်တွေရှိတဲ့ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ဆဲဆိုပေမယ့် သိပ်တော့မသေချာတော့ပါဘူး။ရွှေလုပ်ကွက်တွေရှိနေတဲ့ သပိတ်ကျင်းမြို့ကို လက်လွတ်လိုက်ရတာဟာ တော်လှန်ရေးအဖွဲ့တွေအတွက် စိုးရိမ်စရာကောင်းပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


