အမေရိကန်က ကုန်သွယ်ခွန်တိုးကောက်မယ့်စာကို ကိုယ်စားလှယ်လွှတ်ပြီး တုန့်ပြန်မယ်လို့စစ်ကောင်စီက စာပြန်လိုက်တယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ တစ်နှစ်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ရှိနေတာပါ။မြန်မာနိုင်ငံက အမေရိကန်နိုင်ငံကို အဓိကပို့နေတဲ့ လုပ်ငန်းတွေကတော့ အထည်ချုပ်လုပ်ငန်းမှအဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေဖြစ်တယ်။ အမေရိကန်က တကယ်အခွန်ကောက်လာရင် ပထမဆုံးထိခိုက်မှာက အထည်ချုပ်လုပ်ငန်းတွေက မိသားစုပေါင်းများစွာနဲ့ အလုပ်သမားပေါင်းများစွာပါ။ စစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှု မရရှိတဲ့အပြင် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုပါ မရှိတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခံနေရတဲ့ကြားမှ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်နေချိန် အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့်အပေါ် သံတမန်ဆက်ဆံရေး ကောင်းစရာ ဂုဏ်ယူနေတဲ့အတွက် အထည်ချုပ်လုပ်သားများအပါအဝင် ပြည်သူတွေက ပိုမိုဒုက္ခရောက်ကြရမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


