မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စစ်ကောင်စီ ဂိတ်များသို့ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးထားပြီးနောက် သတ်ပစ်လိုက်ကြောင်း သိရတယ်။ အမျိုးသမီးများ အပါအဝင် အယောက် ၃၀ ခန့် အသတ်ခံလိုက်ရခြင်းဖြစ်တယ်။ ဖမ်းဆီးခံထားသူများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလ သင်္ကြန် မတိုင်ခင်အထိ ခြောက်လတာအတွင်း ဖမ်းဆီးခံရသူများဖြစ်ပြီး သေဆုံးသူများအပြင် လူ ၅၀ ဦး နှင့် အထက်မှာ သတင်းအစ အနပျောက်နေပြီး ရဲစခန်းအချုပ်နှင့် အကျဥ်းထောင်များတွင် ပို့ဆောင်ထားခြင်းမရှိကြောင်း မိသားစုဝင်များထံက သိရတယ်။ ဖမ်းဆီးခံရသူတွေဟာကျေးရွာများမှ မြင်းခြံမြို့ပေါ်သို့ လာရောက်စျေးဝယ်သူများ နှင့် ကုန်တင်ယာဥ် မောင်းတွေပါ။ သေဆုံးသွားသည့်အလောင်းများကို ရေထဲမျှောခြင်း၊ ကျွင်းတူးမြေမြှုပ်ခြင်း နှင့် မီးရှို့ခြင်းတို့ ပြုလုပ်ကာ လက်စလက်နဖျောက်နေတယ်။ ဘာ့ကြောင့် ထိုကဲ့သို့ဖမ်းဆီးသတ်ဖြတ်ခံနေရလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ မြင်းခြံမြို့ပေါ်သို့စျေးဝယ်သွားရန် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများထံ စာရင်းပေး၊ ထောက်ခံစာပြု လုပ်နေရပေမယ့် ပစ္စည်းများ၊ ကုန်ကားနှင့် ထော်လာဂျီများအပြင် လူများပါ ဖမ်းဆီးခြင်းတို့ကိုလုပ်ဆောင်နေတာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


