NUGကိုပြုပြင်ပြောင်းလဲဖို့ဝေဖန်သံတွေညံနေချိန်မှာပဲ PDF တွေရဲ့ သတင်းတချို့ထွက်ပေါ်လာပါတယ်။MDY PDF ဟာ သူတို့သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ရွှေတွင်းတွေမှ ဝင်ငွေတွေအများကြီးဝင်နေတယ်။တလကို ရွှေ၇ပိသာခန့် ရှိနေတယ်လို့ဆိုတယ်။ဒါ့အပြင်ရွှေလုပ်ကွက်တွေက အခွန်ငွေအများအပြားလဲရရှိနေတယ်။ထိုငွေတွေဟာတော်လှန်ရေးအတွက် လိုအပ်နေတဲ့နေရာတွေမှာ သုံးဖို့ကောင်းကောင်းလုံလောက်ပါတယ်။ဒါပေမယ့်လဲအခုချိန်ထိ သပိတ်ကျင်းမြို့နယ်ထဲကစစ်ကောင်စီရဲ့ လက်ကျန်စစ်စခန်းတွေကို အပြီးသတ်မရှင်းလင်းနိုင်သေးဘူး။စစ်ကောင်စီဟာထိုစစ်စခန်းတွေကို အထိုင်ပြုပြီးအခုဆိုရင် တန်ပြန်ထိုးစစ်ဆင်နေပါပြီ။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာလဲ ဒေသတွင်းသွားလာနေတဲ့ ကုန်ကားတွေကိုPDFတွေက အခွန်မတရားကောက်နေလို့ ကားသမားတွေဆန္ဒပြနေကြတယ်။တစ်စီးကိုကျပ်တစ်သိန်းကျော်ထိ ကောက်ခံနေလို့ကားသမားတွေ အခက်တွေ့နေတယ်။ဒါ့အပြင် ထိုဒေသကလမ်းတွေမှာ PDF တွေဂိတ်ကြေးပေးနေရတဲ့ ဂိတ်တွေအများကြီးဖြစ်နေတယ်။ပြောချင်တာက ပြည်သူတွေကို ဝန်ပိအောင်အထိအခွန်တွေ ကောက်ပြီးစစ်ရေးမှာတော့ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေမတွေ့ရပါဘူး။အခြားစိုးမိုးနယ်မြေတွေက အလားတူသတင်းတွေလဲရှိပါသေးတယ်။တော်လှန်ရေးကအချိန်ကြာလာလေ အားလျော့စရာဖြစ်လာလေဆိုတဲ့ အခြေအနေမျိုးတွေကြုံတွေ့နေရပါပြီ။