မနေ့ကဒေါက်တာတေဇာဆန်းရေးတဲ့ စာဟာ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အတော်ပွဲဆူနေပါတယ်။အများစုကတော့ သူ့ကိုထောက်ခံကြတယ်။တခြားသူတွေ အခုလိုဝေဖန်ရင်ဝိုင်းတိုက်ခိုက်ကြမှာဖြစ်ပေမယ့် ဒေါက်တာတေဇာဆန်းကိုယ်တိုင်က NUGရဲ့အတွင်းလူတစ်ယောက်ဖြစ်နေတယ်။ပြီးတော့သူဝေဖန်တဲ့ အချက်တွေကလဲမှန်နေတယ်လေ။
NUG ဟာဒီနှစ်ဆန်းကတည်းက ပြုပြင်ပြောင်းလဲမယ်ပြောထားတာ အခုနှစ်တဝက်ကျိုးတဲ့အချိန်အထိ ဘာမှဖြစ်မလာသေးပါဘူး။လက်ရှိအချိန်မှာနိုင်ငံရေးအရရော စစ်ရေးအရရော အပြောင်းအလဲတစ်ခုလိုအပ်နေတာ သိနေပေမယ့် မသိချင်ယောက်ဆောင်ပြီး ဘာပြောင်းလဲမှုမှမလုပ်ပါဘူး။အထွေထွေထိုးစစ်ကြီးစမယ်လို့သာ လေကြီးနေပေမယ့်အခုအချိန်ထိ NUGအောက်မှာတပ်နှစ်ခု ကွဲနေတုန်းပဲဆိုရင် ဘာထိုးစစ်မှဖြစ်လာမှာ မဟုတ်ပါဘူး။ဒါ့အပြင်ဒီနှစ်ပိုင်းမှာNUGဟာ စိုးမိုးနယ်မြေအတော်များများပိုင်ဆိုင်လာနိုင်ပြီး ထိုနယ်မြေတွေက အခွန်ငွေတွေ၊သယံဇာတတွေကရတဲ့ငွေတွေလဲ အတော်များများရရှိနေပါပြီ။ဒါပေမယ့်ထိုငွေတွေကို ကောင်းမွန်စွာစီမံခန့်ခွဲမှုမလုပ်နိုင်ပဲ ပြည်သူတွေဆီက အလှူခံနေရတုန်းပါပဲ။
ပြောရရင်တော့ပြောစရာတွေ အများကြီးပါပဲ။NUGကို တော်ရုံဝေဖန်လေ့မရှိကြပါဘူး။ထိထိရောက်ရောက် ဝေဖန်မှုမရှိတာကြောင့်ပဲ NUGဟာဘာပြောင်းလဲမှုမှ မလုပ်ပဲစွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းလာတာကတော့ အမှန်တရားပါပဲ။