ကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျောက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးနောက် ကလေးမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားပါပြီ။ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းဟာ မေလ ၂၀ရက်မှာ ကလေးမြို့ကတဆင့် ကားလမ်းကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်သူပုန်တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ၂၀ ရက်ကနေ ဇူလိုင် ၅ရက်အထိ တစ်လခွဲခန့်ကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၅ရက်မှာ သူတို့ ခြေကုပ်ယူ တပ်စွဲထားတဲ့ တီးတိန်မြို့နယ်၊ မွာလ်ပီးရွာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ ထိုတိုက်ပွဲမှာ စစ်သုပုန် ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိသလို တော်လှန်ရေး ရဲဘော် ခုနှစ်ဦးလည်း ကျဆုံးခဲ့တယ်။ တစ်လခွဲအတွင်း ကလေးမြို့ကနေ ၁၅ မိုင်ခန့်သာ ခရီးပေါက်ခဲ့တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ အထိအခိုက် အကျအဆုံးများစွာနဲ့ ကလေးမြို့ဘက် နောက်ပြန်ဆုတ် ထွက်ပြေးသွားပါပြီ။ ရှမ်းပြည်နယ်နောင်ချိုမြို့၊ ကရင်နီပြည်နယ်မိုးဗြဲမြို့၊ ကချင်ပြည်နယ်ဖားကန့်မြို့တွေက စစ်ကောင်စီရဲ့ထိုးစစ်စစ်ကြောင်းတွေ အခြေအနေကောင်းနေချိန်မှာ ချင်းပြည်နယ်မှာတော့ သူတို့အခြေအနေမကောင်းခဲ့ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


