မြဝတီမြို့အနီး ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေကို KNUဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတာ အခုဆိုရင် သိမ်းစရာစခန်း နှစ်ခုခန့်သာကျန်ပါတော့တယ်။ဒီရက်ပိုင်းမှာလဲဝေါလေရဲစခန်းနဲ့ ဗျူဟာရဲ့ကာကင်းတစ်ချို့ကို ဆက်တိုက်သိမ်းပိုက်ထားတယ်။ ထိုနယ်မြေမှာကျန်နေတာဆိုလို့ ၂၀၂၂ခုနှစ်တုန်းကအပီးသတ်မသိမ်းပိုက်နိုင်ခဲ့တဲ့ ဥကရစ်ထစခန်းနှင့် ဝေါလေဗျူဟာစခန်းသာရှိတော့တယ်။ကျန်နေတဲ့ စစ်စခန်းတွေကိုလဲ ဒီရက်ပိုင်းမှာ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


