ကရင်နီပြည်နယ်ဖားဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့တိုက်လေယာဥ်တစ်စီး ထပ်မံပျက်ကျခဲ့ပါတယ်။စစ်ကောင်စီက သူတို့လေယာဥ်တစ်စီး ထိုဒေသမှာအဆက်အသွယ်ပျက်တောက်နေတယ်လို့ ထုတ်ပြန်အပြီးမှာဒေသခံတော်လှန်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကိုတောထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ထိုလေယာဥ်ဟာဖားဆောင်းမြို့တိုက်ပွဲမှာ ဗုံးလာကြဲတဲ့လေယာဥ်ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။တရုတ်ထုတ်အပေါစား တိုက်လေယာဥ်တစ်စီးသာဖြစ်တာကြောင့် စစ်ကောင်စီအတွက်ဆုံးရှုံးမှုတော့ ကြီးမားမှာမဟုတ်ပါဘူး။ဒါပေမယ့်သုံးလအတွင်းမှာတော့ ရဟတ်ယာဥ်နဲ့ တိုက်လေယာဥ်လေးစီးအထိဆုံးရှုံးထားပါတယ်။ဖားဆောင်းမြို့မှာလဲ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်နေရာမှာ တစ်ခုကိုရရှိထားပြီး ကျန်တစ်ခုကို ဆက်လက်တိုက်ခိုက်လျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


