နောင်ချိုမြို့ကိုထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလဲ မြို့အနီးလေးမိုင်အကွာအထိ ရောက်လာနေပါပြီ။စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီးတောင်ခမ်းဘက်ကတက်လာတဲ့ စစ်ကြောင်းကမြို့နဲ့အတော်နီးနေပြီ။ပြင်ဦးလွင်ဘက်ကတက်လာတဲ့ စစ်ကြောင်းဟာလဲလအတန်ကြာရပ်တန့်နေခဲ့ရာက အခုဆိုရင်ရှေ့ကို တဖြည်းဖြည်းတိုးလာနေပါပြီ။TLNAတပ်တွေ တဆုတ်ထဲဆုတ်နေရတယ်။ဒီပုံစံအတိုင်းဆိုရင် နောင်ချိုမြို့ကို စစ်ကောင်စီလက်ထဲ ဒီလမကုန်ခင် ပြန်ပေးရဖို့များနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


