စစ်ကိုင်းမြို့မှာ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသည့် နမ့်လတ်ပရဟိတအဖွဲ့၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးထားပြီး၊ အဖွဲ့ပိုင်ကားနှင့် ငလျင်ကူညီရေးပစ္စည်းများကို သိမ်းဆည်းထားပါတယ်။ အဖွဲ့ဝင်အားလုံးကို ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရတယ်။ ဖမ်းဆီးမှုမတိုင်မီ တရက်က စစ်ကောင်စီအရာရှိတဦး ဓမ္မာရုံသို့ လာရောက်စစ်ဆေးခဲ့သေးတယ်။
လက်ရှိအချိန်မှာတော့ လုပ်အားလာပေးတဲ့ စစ်ကိုင်းကလူတွေ နဲ့အဲ့ဒီအနီးက ရွာက လူတွေကို ပြန်လွှတ်လိုက်ပေမယ့် ကျန်တဲ့ရန်ကုန်၊ မကွေး ကလာကူတဲ့သူတွေကိုတော့ ဆက်ဖမ်းထားတယ်။ ဧည့်စာရင်းကိုအကြောင်းပြပေမယ် တည်ထောင်သူနှင့် ဘဏ္ဍာရေးမှူးကို အသင်းမှတ်ပုံတင်သက်တမ်းမတိုးလို့ဆိုပြီးအကြောင်းပြချက်ထပ်ရှာတယ်။
ထိုအဖွဲ့ဟာ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ ငလျင်အပြီးမှစ၍ စစ်ကိုင်းမြို့တွင် အစားအသောက်မျှဝေခြင်း၊ အပျက်အစီးရှင်းလင်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းများ ကူညီလုပ်ဆောင်နေသည့် အဖွဲ့တခုပါ။ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းနေတယ် ဆိုတာလဲ တကယ်ပါ။ စစ်ကောင်စီရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကြောင့် အခြားပရဟိတအဖွဲ့များလည်း ဆက်လက်ကူညီရန် စိုးရိမ်ထိတ်လန့်နေကြတယ်။ ပြည်သူအချင်းချင်း ကူညီတာတောင်အဖမ်းခံရတဲ့နိုင်ငံဟာ မြန်မာပြည်ပါပဲ။