စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ လနဲ့ချီကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စိုက်ပျိုးမြေ ဧက ၃၀,၀၀၀ နီးပါး စပါး မစိုက်နိုင်သေးဘူးလို့ သိရတယ်။ ပုလဲနယ် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဇွန်လ ၂ရက်ကတည်းက အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ တကိုယ်ရေသုံး ပစ္စည်းတွေ လိုအပ်နေတယ်။ ယခုနှစ်အတွက် အချိန်မီ စပါး မစိုက်ပျိုးနိုင်ပါက နောင်နှစ်အတွက် စားဝတ်နေရေး ပိုမို ခက်ခဲ ကြပ်တည်းနိုင်ပြီး စားနပ်ရိက္ခာပြတ်လပ်မှာကို စိုးရိမ်တယ်။
တော်လှန်ရေးတပ်တွေဟာ ကန်ဒေါင့်ရဲစခန်းကိုသိမ်းလိုက်နိင်ပေမယ့် စစ်သူပုန်တွေကပြန်လည်ထိုးစစ်ဆင်နေလို့ တိုက်ပွဲကမပြီးဆုံးသေးပါဘူး။ စစ်သူပုန်တွေဟာ ကန့်ဒေါင့်ရွာကိုသာမက ပုလဲတနယ်လုံးကို နေ့ရောညပါ တရစပ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။