စစ်ကောင်စီရဲ့ မတရားအမှုဆင်ဖမ်းဆီးခြင်းခံနေရတဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားခွင်ကပုံတွေပေါက်ကြားလာပါတယ်။တရားရုံးတစ်ခုမှာလို့ ယူဆရပြီး ဘယ်တရားရုံးမှန်းတော့မသိပါဘူး။တကယ်တော့ ထိုနေရာဟာတရားရုံးမဟုတ်ပါဘူး။မတရားတဲ့ရုံးပါ။သူမကိုတရားခံစစ်စ်နေတဲ့ပုံတွေကို တွေ့ရတော့ အော့နှလုံးနာစရာ၊ခံပြင်းစရာကောင်းလှပါတယ်။ဒါ့အပြင်ဒေါ်ဆောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာကိုလဲ ဘယ်သူမှမသိကြပါဘူး။နေပြည်တော်အကျဥ်းထောင်ကနေ အခြားနေရာတစ်ခုကိုပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ပဲ သိရတယ်။ဒီတော်လှန်ရေးကြီးမအောင်မြင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ဘဝလက်ကျန်သက်တမ်းတွေကို မတရားအကျဥ်းချခံထားရတဲ့ထောင်ထဲမှာပဲ ကုန်ဆုံးတော့မှာပါ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


