စစ်ကောင်စီကွပ်ကဲနယ်မြေများတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များဟာသက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားရမည်ဟု ညွှန်ကြားချက် ထွက်ပေါ်လာတယ်။ အကြောင်းမကြားဘဲ ဖမ်းဆီးပါက ရဲတပ်ဖွဲ့ဝင်များပါ အရေးယူခံရမည် ဖြစ်ကြောင်း သိရတယ်။ ထိုသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီအရာရှိများ ပိုင်ဆိုင်သည့် တရားမဝင်လုပ်ငန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းနှင့် စစ်ဗိုလ်ချုပ်များ ခွင့်ပြုထားသည့် မူးယစ်ဆေးသယ်ဆောင်မှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လို့ သိရတယ်။ စစ်တပ်ရဲ့အကျိုးစီးပွားကို ထိပါးလာရင် ရဲတပ်ဖွဲ့ကိုတောင် ပြန်အရေးယူမယ်ဆိုတော့ကြားလို့တောင်မကောင်းပါဘူး။