ရွှေစျေးဒေါ်လာစျေးတွေ တက်လာပြီဆိုလို့ သတိထားမိတာတစ်ခုရှိတယ်။အခုစျေးတွေတက်လာတာဟာ ကမ္ဘာနိုင်ငံရေးစစ်ရေးကြောင့်ဖြစ်ပြီး ပြည်တွင်းရေးနဲ့ ဘာမှမဆိုင်ပါဘူး။ဒါပေမယ့်ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီကိုILOကပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ကြေညာတယ်။အရင်ကဆိုဒီလိုအရေးယူမှုမျိုးတွေရှိလာရင် စျေးတွေတက်နေကျပဲ။ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ ငြိမ်ချက်သားကောင်းနေတယ်။စျေးတွေတက်ရင် စစ်ကောင်စီကကုန်သည်တွေကိုဖမ်းတယ်ဆိုပေမယ့်လဲ ဒါဟာအဖြေမဟုတ်သေးပါဘူး။စျေးတွေတက်မလာတော့ စစ်ကောင်စီလက်ထဲမှာနိုင်ငံငွေဒေါ်လာအလုံအလောက်ရှိနေပြီလား၊အရင်ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ပြင်ဆင်ထားနိုင်ပြီလား။ ဘယ်လောက်ပိတ်ဆို့မှုတွေရှိလာပါစေ စစ်ကောင်စီက ခံနိုင်ရည်ရှိနေပြီလားထင်မိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


