ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး ကမ္ဘာ့ရွှေစျေးတက်လာတယ်။ဒါ့ကြောင့်မြန်မာ့ရွှေစျေးဟာလဲ တစ်ကျပ်သားကို သိန်း၈၀ကျော်ရှိလာပါပြီ။ရွှေစျေးဟာသိန်း၆၀ ကျော်မှာကာလ အတန်ကြာငြိမ်နေခဲ့ရာမှ အခု သိန်းနှစ်ဆယ်ကျော်တက်သွားတယ်။ဒေါ်လာစျေးတွေကတော့ တက်ရိပ်ပြလာပေမယ့် ရွှေစျေးလောက်တော့မတက်ပါဘူး။ရွှေစျေး၊ဒေါ်လာစျေးတွေတက်လာရင် ကုန်စျေးပါလိုက်တက်လာတာကြောင့် စောင့်ကြည့်နေရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


