ရခိုင်ပြည်နယ်က တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ရင်းနှီးမြုပ်နှံမှုများတည်ရှိရာ ကျောက်ဖြူမြို့ကို အေအေတပ်တော်က တဖြည်းဖြည်းတိုက်ယူနေပါတယ်။အေအေဟာကျောက်ဖြူထိုးစစ်ကိုဖေဖော်ဝါရီလကတည်းကစခဲ့တာဖြစ်ပြီး မြို့နဲ့လက်တကမ်းအကွာအထိရောက်လာပါပြီ။စစ်ကောင်စီကလဲ ကျောက်ဖြူမြို့ကိုမဆုံးရှုံးရရေးအတွက် စစ်ကူတွေအကြိမ်ကြိမ်ပို့ဆောင်နေတာ အင်အားတစ်ထောင်ကျော်ရှိနေပါပြီ။ဒါပေမယ့်အေအေရဲ့ထိုးစစ်မှာ သေဆုံးသူတွေထွက်ပြေးသူတွေများနေလို့ အင်အားပို့မလောက်ဖြစ်နေတယ်။တရုတ်စီမံကိန်းတွေရှိတဲ့အတွက် မြို့ကိုသိမ်းနိုင်ဖို့အချိန်ယူနေရပုံပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


