မနေ့ကပျက်ကျခဲ့တဲ့လေယာဥ်ကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သူတို့ပစ်ချခဲ့တာဖြစ်ကြောင်း အပြိုင်အဆိုင်သတင်းထုတ်ပြန်နေကြတယ်။တကယ်တမ်းတော့ ထိုလေယာဥ်ဟာပစ်ချခံလိုက်ရတာမဟုတ်ပဲ စက်ချွတ်ယွင်းပြီးပျက်ကျတာမျိုး ပိုဖြစ်နိုင်ပါတယ်။
ပျက်ကျသွားတဲ့လေယာဥ်ဟာသက်တမ်းလွန်နေပြီဖြစ်တဲ့ တရုတ်ထုတ်F7လေယာဥ်အမျိုးအစားအတည်ပြုနိုင်ခဲ့တယ်။ထိုလေယာဥ်တွေကို စစ်တပ်က၁၉၉၀ခုနှစ်လောက်ထဲကတရုတ်နိုင်ငံက ဝယ်ယူအသုံးပြုနေတာဖြစ်လို့ အခုဆိုရင်သက်တမ်း၃၅နှစ်ကျော်နေပါပြီ။မပစ်ချလဲသူ့ဘာသာသူပျက်ကျဖို့ ရာခိုင်နှုန်းများနေပြီ။ဒါ့အပြင်စစ်ကိုင်းတိုင်းလို ဒေသမျိုးမှာလေယာဥ်ပစ်လက်နက် ကောင်းကောင်းမရှိပါဘူး။ပြီးခဲ့တဲ့ရက်တွေကဝယ်လိုရပီလို့ ပြောထားခဲ့တဲ့လေယာဥ်ပစ်လက်နက်တွေကလဲ ဒီလောက်မြန်မြန်ရောက်မလာနိုင်သေးဘူးလေ။ဒီနေရာမှာပစ်ချသည်ဖြစ်စေ ၊ပျက်ကျသည်ဖြစ်စေစစ်ကောင်စီရဲ့ လေယာဥ်တစ်စီးပျက်စီးသွားဖို့က အရေးကြီးဆုံးပဲမဟုတ်လား။