ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော အခြေခံကုန်စျေးနှုန်းများကြား အခြေခံလူတန်းစားများသည် အသားဟင်းကိုပင် နေ့စဉ်မစားနိုင်တော့ပါဘူး။ ရန်ကုန်မြို့ရှိ စက်ရုံလုပ်သားများ၏ လစဉ် ဝင်ငွေမှာ အချိန်ပိုကြေးများအပါအဝင် ပျမ်းမျှ ကျပ် ၃ သိန်း မှ ၄ သိန်းကျော်သာရကြတယ်။ အခြေခံအလုပ်သမားများရဲ့ လစာနှုန်းထားတက်မလာပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ စီးပွားရေးစီမံခန့်ခွဲမှုလွှဲမှားခြင်း၊ ဘတ်ဂျက်လိုငွေကို ဖြည့်တင်းရန် ငွေစက္ကူအသစ်များ ရိုက်ထုတ်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ပင်မှုများကြောင့် ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းကာ ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်။ အနီးစပ်ဆုံးပြောရရင် အာဏာမသိမ်းမီက ကြက်ဥတစ်လုံး ကျပ်၁၀၀ ခန့်သာရှိခဲ့ရာမှ အခု ကျပ် ၄၀၀ မှ ၅၀၀ ကျော်အထိဖြစ်လာနေပြီး စစ်အာဏာမသိမ်း ခင်ထက် ၅ ဆခန့် စျေးနှုန်းများ မြင့်တက်လာနေတယ်။ ဝန်ထမ်းလုပ်ခလစာ နဲ့ မလောက်လို့ ကိုယ့်စီးပွားရေး ကိုယ်လုပ်ဖို့ကျပြန်တော့လည်း ကုန်ပစ္စည်းစျေး တွေကကြီး၊ လျှပ်စစ်မီးက မမှန်ဖြစ်နေတော့ ဘယ်လုပ်ငန်းမှရေရှည်အဆင်မပြေပါဘူး။ အားလုံးဟာကြပ်တည်းနေတဲ့အတွက် ဆင်းရဲမွဲတေမှုရာခိုင်နှုန်းဟာ နောက်နှစ်တွေမှာတက်လာဦးမှာပါ။
ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့...