တော်လှန်ရေးအတွက်ရန်ပုံငွေရှာပေးနေတဲ့ Click to Donate နဲ့ ပန်ဆယ်လိုတို့က သတင်းကောင်းတစ်ခုရှိတယ်လို့ ဆိုရှယ်မီဒီယာမှာတင်လာကြတယ်။ဘာသတင်းကောင်းလဲ စုံစမ်းကြည့်တော့ လေယာဥ်ပစ်လက်နက်တွေမြေပြင်ကို တကယ်ရောက်လာပြီလို့ယူဆရတယ်။ထိုနှစ်ဦးဟာ NUGအတွက်လေယာဥ်ပစ်လက်နက်ဝယ်နိုင်ဖို့ ၂၀၂၂ခုနှစ်ကတည်းကရန်ပုံငွေကောက်ခံခဲ့တာပါ။ထိုအချိန်တုန်းက ဒေါ်လာ၂သန်းကျော်ရခဲ့တယ်။ဒါပေမယ့်လေယာဥ်ပစ်လက်နက်ဆိုတာလဲ ဝယ်ဖို့ထင်သလောက်မလွယ်ကူတော့ ကြန့်ကြာနေခဲ့တယ်။အခုတော့ ထိုကိစ္စအောင်မြင်ပြီသွားပြီလို့ ယူဆရပါတယ်။ဘာပဲဖြစ်ဖြ်လေကြောင်းအားသာချက်ကို အသုံးချပြီးပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလေတပ်ကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်မယ်ဆိုရင်တော့ မဆိုးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


