တော်လှန်ရေးအတွက်ရန်ပုံငွေရှာပေးနေတဲ့ Click to Donate နဲ့ ပန်ဆယ်လိုတို့က သတင်းကောင်းတစ်ခုရှိတယ်လို့ ဆိုရှယ်မီဒီယာမှာတင်လာကြတယ်။ဘာသတင်းကောင်းလဲ စုံစမ်းကြည့်တော့ လေယာဥ်ပစ်လက်နက်တွေမြေပြင်ကို တကယ်ရောက်လာပြီလို့ယူဆရတယ်။ထိုနှစ်ဦးဟာ NUGအတွက်လေယာဥ်ပစ်လက်နက်ဝယ်နိုင်ဖို့ ၂၀၂၂ခုနှစ်ကတည်းကရန်ပုံငွေကောက်ခံခဲ့တာပါ။ထိုအချိန်တုန်းက ဒေါ်လာ၂သန်းကျော်ရခဲ့တယ်။ဒါပေမယ့်လေယာဥ်ပစ်လက်နက်ဆိုတာလဲ ဝယ်ဖို့ထင်သလောက်မလွယ်ကူတော့ ကြန့်ကြာနေခဲ့တယ်။အခုတော့ ထိုကိစ္စအောင်မြင်ပြီသွားပြီလို့ ယူဆရပါတယ်။ဘာပဲဖြစ်ဖြ်လေကြောင်းအားသာချက်ကို အသုံးချပြီးပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလေတပ်ကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်မယ်ဆိုရင်တော့ မဆိုးပါဘူး။
ဇူလိုင် ၀၇၊ ၂၀၂၅။ (တနင်္ဂနွေ)
အရှေ့တီမောနိုင်ငံရဲ့ အာဆီယံဝင်ခွင့်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။အရှေ့တီမောနိုင်ငံဟာ NUGကိုထောက်ခံထားတာကြောင့်...