ကရင်ပြည်နယ်ထဲမှာတော့ KNUနဲ့ပူးပေါင်းတပ်တွေအတော်လေး လက်သံပြောင်နေပါတယ်။စစ်ကောင်စီတပ်စခန်းတွေကို တစ်နေ့တစ်ခုနှုန်းလောက်သိမ်းနေတယ်။အဓိကသိမ်းနေတာကတော့ ထိုင်းနယ်စပ်ကစခန်းတွေပါ။ထိုစခန်းတွေအားလုံးကို စစ်ကူပို့လို့မရအောင်လဲKNUက ပိတ်ဆို့ထားတယ်။ဒီနေ့လဲထိုင်းနယ်စပ်က အတိုက်ခံနေရတဲ့စခန်းတစ်ခုကို စစ်ကောင်စီကထိုင်းဘက်ကနေပတ်ပြီး စစ်ကူပို့တယ်။ထိုစစ်ကူတွေဟာလဲKNUက ကြားဖြတ်တိုက်ခိုက်လိုက်လို့ စစ်ကြောင်းပျက်ပြီးထိုင်းဘက်ကို ပြန်ပြေးသွားတယ်။နယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ထိုင်းနိုင်ငံအနေနဲ့စစ်ကောင်စီတပ်တွေကို သူ့နယ်မြေကိုဖြတ်ပြီးစစ်ကူပို့ခွင့်ပြုတယ်။ထွက်ပြေးလာတဲ့ စစ်သူပုန်တွေကိုလက်ခံပြီး မြဝတီမြို့ကတဆင့်အသာတကြည်ပြန်လွှဲပေးခြင်းဖြင့် စစ်ကောင်စီကို မသိမသာကူညီနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


