NUGထိန်းချုပ်ဒေသတွေမှာရှိတဲ့ ကြားကာလပညာရေးကျောင်းတွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ရပါတယ်။စစ်ကောင်စီက ထိုဒေသတွေကကျောင်းတွေကို ပစ်မှတ်ထားပြီးနေ့စဥ်နှင့်အမျှဗုံးကြဲနေလို့ အခုလိုပိတ်လိုက်ရတာပါ။စစ်ကောင်စီဟာ စစ်ကိုစစ်နဲ့တူအောင်မတိုက်ရဲပဲ သူရဲဘောကြောင်စွာကလေးသူငယ်ကျောင်းသားလေးတွေကို ပစ်မှတ်ထားနေတာပါ။ထိုသို့ကျောင်းတွေပိတ်လိုက်ရတာကြောင့် ထိုဒေသမှာရှိတဲ့ကလေးသူငယ်လေးတွေရဲ့ ပညာရေးအတွက် အရမ်းကိုနစ်နာပါတယ်။တော်လှန်ရေးဟာ အဖြေတစ်ခုမထွက်မချင်းစာသင်ကြားခွင့်မရတော့တဲ့ အခြေအနေပါ။တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ ဘယ်လိုတည်ငြိမ်မှုမရှိအောင်ဖျက်စီးနေတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်တွေတစိတ်တပိုင်း အထမြောက်သွားတာပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


