စစ်ရေးကျွမ်းကျင်သူတွေခန့်မှန်းထားခဲ့သလို ဧပြီလနောက်ပိုင်းကစပြီးစစ်ကောင်စီဟာအဓ္ဓမစုဆောင်းထားတဲ့ တပ်သားသစ်တွေကိုစုစည်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေကိုတန်ပြန်ထိုးစစ်တွေ ဆင်နွှဲလာနိုင်နေပါပြီ။ချင်းပြည်နယ်ဘက်ကိုတက်လာတဲ့ စစ်ကြောင်းတွေ၊ကချင်ပြည်နယ်ဖားကန့်မြို့ဘက်တက်လာတဲ့ စစ်ကြောင်းတွေ၊ကရင်နီပြည်နယ်ကမိုးဗြဲတိုက်ပွဲနဲ့ရှမ်းပြည်နယ် မြောက်ပိုင်းတောင်ခမ်းကနေ နောင်ချိုမြို့ကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီရဲ့ ထိုးစစ်တွေဟာအမြင်သာဆုံးတွေပါပဲ။လက်ရှိအချိန်အထိတော့ ထိုတန်ပြန်ထိုးစစ်တွေကတဆင့် အောင်မြင်မှုကြီးကြီးမားမားမရရှိသေးပါဘူး။ဒါပေမယ့်လဲ စစ်ကောင်စီရဲ့ထိုးစစ်တွေဟာတော်လှန်ရေးအင်အားစုတွေကို ဖိအားကျရောက်စေတယ်။ကိုယ်တွေဘက်မှာအကန့်အသတ်နဲ့သာရှိနေတဲ့ လက်နက်ခဲယမ်းအရင်းအမြစ်တွေကို စစ်ကောင်စီကိုအမြစ်ပြတ်အောင်တိုက်ရမယ့်အစား ခုခံစစ်အတွက်သုံးနေရတယ်။ဒါ့ကြောင့်စစ်ကောင်စီကိုအနိုင်တိုက်ဖို့အားလုံး ပါဝင်တဲ့မဟာဗျူဟာတစ်ခုမရှိသေးရင်တော့ ရေရှည်မှာတော်လှန်ရေးအင်အားစုတွေ လုံးပါးပါးလာနိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


