စစ်ကောင်စီဟာချင်းပြည်နယ်ကို စစ်ကြောင်းထိုးနေသလိုပဲ ကချင်ပြည်နယ်ဖားကန့်မြို့မှာပိတ်မိနေတဲ့စစ်သူပုန်တွေကို အင်အားဖြည့်တင်းနိုင်ရေးအပြင်းအထန်စစ်ကြောင်း ထိုးနေပါတယ်။ထိုစစ်ကြောင်းဟာလဲ အင်အားခြောက်ရာခန့်ရှိတယ်လို့ သိရတယ်။KIAကပိတ်ဆို့ဖြတ်တောက်နေပေမယ့်လဲ အသေခံပြီးတိုးနေကြတယ်။အလားတူ ကရင်နီပြည်နယ်မိုးဗြဲမြို့မှာလဲအခုချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ မိုးဗြဲမြို့ကိုလက်မလွှတ်ရရေးအတွက် ခုခံနေဆဲပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


