စစ်ကိုင်းတိုင်း၊ကလေးမြို့ကနေချင်းပြည်နယ်ဘက်ကို စစ်ကောင်စီယာဥ်တန်းတစ်ခု စစ်ကြောင်းထိုး ထွက်ခွာလာတယ်လို့သိရတယ်။ထိုယာဥ်တန်းမှာအင်အားငါးရာခန့် ပါဝင်ပြီးရိက္ခါတင်ယာဥ်တွေလဲ ပါဝင်လာတယ်။ချင်းပြည်နယ်ကစစ်ကောင်စီလက်ထဲမှာ ရှိနေသေးတဲ့ တီးတိန်မြို့ကိုဦးတည်လာနေလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက လမ်းမှာတားဆီးတိုက်ခိုက်နေတယ်။စစ်ကောင်စီဟာ ချင်းပြည်နယ်ဘက်ကိုစစ်ယာဥ်တန်းနဲ့ တက်မလာနိုင်တာ အတော်ကြာနေပါပြီ။ထိုယာဥ်တန်းဟာ တီးတိန်မြို့ကိုရောက်သွားရင် တော်လှန်ရေးတပ်ဖွဲ့တွေမြို့ကို သိမ်းဖို့ခက်ခဲသွားနိုင်ပြီးမကြာသေးမီက သိမ်းထားတဲ့ဖလမ်းမြို့ကိုပါ ခြိမ်းခြောက်လာနိုင်တယ်။ဒါ့ကြောင့်အရင်ကအစီးမကပ်ကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခုပေါင်းပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ခုခံနေတယ်လို့သိရတယ်။လုံးဝမတည့်တဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခု စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ရေးအရပူပေါင်းမိတာကြားထဲ အမြတ်ထွက်တယ်လို့ပြောရမယ်။