စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊မြန်မာအိန္ဒိယနယ်စပ်မှာ အိန္ဒိယစစ်သားတွေက တမူးပကဖ တပ်သားမြန်မာPDFအဖွဲ့ဝင် ၁၀ဦးခန့်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ထိုနယ်စပ်မှာ အိန္ဒိယဘက်က ခြံစည်းရိုးခပ်နေတယ်။ဒါကိုမြန်မာဘက်ကနှောက်ယှက်တယ်ဆိုပြီး ဖမ်းဆီးသွားတာပါ။တကယ်မြန်မာဘက်က နှောက်ယှက်တာမျိုးမရှိပဲ PDFတွေရဲ့စခန်းကိုအင်အားသုံးစီးနင်းပြီး ဖမ်းဆီးသွားခြင်းဖြစ်တယ်။အလောင်းတွေပြန်ရခဲ့ပေမယ့် မသတ်ခင်နှိပ်စက်ထားတဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ဒီဖြစ်ရပ်မှာအိန္ဒိယဟာ မြန်မာပိုင်နက်ထဲကိုကျူးကျော်ပြီးမြန်မာစစ်သားတွေကို ဖမ်းဆီးသတ်ဖြတ်သွားတဲ့ သဘောပါပဲ။ဒါဟာတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို စော်ကားလိုက်ခြင်းပဲ။NUGကတော့ ဒီကိစ္စကို တရားဝင်ကန့်ကွက်ထားပြီးကျူးလွန်သူတွေကို အရေးယူပေးဖို့တောင်းဆိုထားတယ်။အခုလိုတိုင်းပြည်အင်အားနည်းပါနေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေဟာ လေးစားမှုမရှိတော့ပဲ တနည်းမဟုတ်တနည်းနဲ့အကဲစမ်းဖို့ ကြိုးစားနေကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


