တကယ်တော့ ၁၀၂၇စစ်ဆင်ရေးတွေနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုအားလုံးပါဝင်တဲ့ ထိုးစစ်ကြီးတစ်ခုလိုအပ်နေတယ်လို့ အရင်ကတည်းကပြောခဲ့ပါတယ်။မဟုတ်ရင် စစ်အုပ်စုကို အမြစ်မဖြတ်နိုင်လဲအီလည်လည်နဲ့ တော်လှန်ရေးဟာနှစ်နဲ့ချီပြီး ထပ်ကြာသွားနိုင်တယ်။အခုတောင် အီလည်လည်ဖြစ်နေပါပြီ။ဒီသဘောတရားကို သက်ဆိုင်ရာတော်လှန်ရေးခေါင်းဆောင်တွေလဲ နားလည်ကြမယ်ထင်ပါတယ်။ဒါပေမယ့် ခက်တာကအခုချိန်ထိ လက်တွဲလုပ်ကြမယ့်အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။သူ့ဒေသနဲ့သူ တသီးတသန့်တော်လှန်နေကြတယ်။တော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်မှုဟာ အရေးတကြီးလိုအပ်နေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


