NUGကတပြည်လုံးမှာ အထွေထွေထိုးစစ်ကြီး တစ်ခုဆင်နွဲတော့မယ်လို့ ကြေညာထားတယ်။ဒီနေ့ပြုလုပ်တဲ့ ကမ်ပိန်းတစ်ခုမှာလဲ ကိုမင်းကိုနိုင်က အဆိုပါအထွေထွေထိုးစစ်ကြီးမှာ ပြည်သူအားလုံးကျရာတာဝန်က ပါဝင်ပေးကြဖို့တောင်းဆိုလိုက်တယ်။NUGကပြောတာဆိုတော့ ထိုးစစ်ကြီးဆိုတာ မဖြစ်လာနိုင်ဘူးတော့မဟုတ်ဘူး။NUGကစစ်ရေးနဲ့ပတ်သက်ပြီး တစ်ခုခုထုတ်ပြောရင် အနည်းဆုံး၆လကနေ ၂နှစ်လောက်ထိကြာတတ်တယ်။ဒါ့ကြောင့်သူတို့ပြောတဲ့ ထိုးစစ်ကြီးဆိုတာဟာ အနီးဆုံးဒီနှစ်မိုးကုန်လောက်မှာမှ ဖြစ်လာနိုင်မယ်ထင်တယ်။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...