ကလေးသူငယ်၂၀ ကျော်သေဆုံးခဲ့တဲ့ ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှု အပြီးမှာစစ်ကောင်စီရဲ့အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကို မကာကွယ်နိုင်မှုအပေါ် ဝေဖန်သံတွေထွက်ပေါ်လာပါတယ်။အဓိကကတော့ NUGကိုဝေဖန်ကြတာပါ။ဒီလိုဝေဖန်မှုမျိုးတွေဟာ ပြည်မဒေသတွေမှာလေကြောင်း တိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်လာရင် ထွက်ပေါ်လာလေ့ရှိတယ်။ကြိမ်ဖန်များလာတော့ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်စွာဗုံးကြဲနေတဲ့ စစ်ကောင်စီအပစ်မဟုတ်ပဲ ထိုဗုံးကြဲမှုတွေကို မကာကွယ်နိုင်တဲ့NUGအပစ်ဖြစ်လာတယ်။
ဒီလိုအချိန်မှာNUGကို အပစ်တင်နေကြတာဟာ မတရားရာတော့ကျပါတယ်။NUGအနေနဲ့လေယာဥ်ပစ်လက်နက်တွေ ဝယ်နိုင်ဖို့ကန်ပိန်းတွေလုပ်ခဲ့တယ်ဆိုပေမယ့် ထိုလက်နက်တွေဟာ ငွေရှိရင်တောင်ဝယ်နိုင်ဖို့ထင်သလောက် မလွယ်ကူတာလူတိုင်းသိနေတဲ့ အမှန်တရားပဲ။ယူကရိန်းလိုနိုင်ငံမျိုးတောင် ရုရှားရဲ့အရပ်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကို အပြည့်အဝကာကွယ်ပေးနိုင်တာ မဟုတ်ဘူးလေ။ဒီလိုသာ NUGကိုပဲအပစ်တင်နေကြရင် စစ်ကောင်စီရဲ့တဖက်လှည့်နဲ့ သွေးခွဲမှုဟာ တဖြည်းဖြည်းနဲ့ အောင်မြင်သွားလိမ့်မယ်။