ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။ AA နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ လိုအပ်လို့ လုပ်ဆောင်နေတာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်ပြောလာတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီလေ။နယ်စပ်လိုင်းတလျောက်မှာစစ်ကောင်စီအာဏာသက်ရောက်မှုလုံးဝမရှိတော့ပဲအေအေကသာထိန်းချုပ်ထားနိုင်နေပြီ။ ထိုအရှိတရားကို မျက်ကွယ်ပြုထားလို့မရပါဘူး။
အခုလိုထိတွေ့ဆက်ဆံမှုတွေပြုလုပ်လာတာကြောင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်လာပြီးအေအေအနေနဲ့စစ်ကောင်စီရဲ့ပိတ်ဆို့မှုဖိအားဒဏ်တွေကလွတ်မြောက်လာနိုင်ပါတယ်။ ဒါ့အပြင်ကုလသမဂ္ဂကထိုနယ်စပ်လိုင်းမှာပဲရိုဟင်ဂျာတွေအတွက်လူသားချင်းစာနာမှုစင်္ကြန်တစ်ခုတည်ဆောက်ဖို့အကြံပြုတာကိုလဲဘင်္ဂလားဒေ့ရှ်ကလက်ခံထားတယ်။ဒါကြောင့်အနောက်ဖက်နယ်စပ်ကနေတဆင့်နိုင်ငံတကာအကူအညီတစ်ချို့ဝင်ရောက်လာမယ့်အလားအလာတွေတွေ့မြင်နေရပါတယ်။