Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အပစ်မရပ်ကြသူများ

April 30, 2025
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

အပစ်မရပ်ကြသူများ

ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။ လတ်တလော အကြမ်းဆုံး ပွဲတွေကတော့ ကချင်က ဗန်းမော်နဲ့ ဖားကန့်ပွဲတွေပဲ။ ဗန်းမော်မှာ မြို့သိမ်းဖို့ နောက်ဆုံးလက်ကျန် စကခ ၂၁ နဲ့ အနီးတဝိုက်က တပ်တွေကို KIA + PDF တပ်တွေက တပြိုင်တည်း ထိုးစစ် ဆင်နေတယ်။ တကယ်တော့ KIA က အပစ်ရပ်ထား ပေမယ့် စစ်ရှုံးကောင်စီ တပ်တွေက စတင် ပစ်ခတ်လို့ ပြန်ပြီး ထိုးစစ်ဆင် တိုက်နေတာလို့ သိရတယ်။ မြေပြင် အသာစီး မရတဲ့ စစ်ရှုံးကောင်စီဟာ လေကြောင်း အားကိုးပြီး အသည်းအသန် ခုခံနေပေမယ့် နလံမထူနိုင် ဖြစ်နေပုံပါပဲ။
ဒါကြောင့် ဗန်းမော် ထိုးစစ်ကို အာရုံလွှဲဖို့နဲ့ KIA ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ နယ်မြေတွေ ပြန်ထိန်းနိုင်ဖို့ စစ်ရှုံးကောင်စီဟာ မိုးကောင်းနဲ့ ကာမိုင်းဘက်က အင်အားရာချီသုံးပြီး ဖားကန့်ကို ထိုးစစ်ဆင်တယ်။ လမ်းမှာပဲ တော်လှန်ရေးတပ်တွေ မိုင်းဆွဲတာ၊ ကြားဖြတ် တိုက်တာတွေ ခံရလို့ အထိအခိုက် များနေတယ်။ မပခက ထွက်လာတဲ့ ယာဉ်တန်းလည်း RPG စာမိပြီး နောက်ကြောင်း ပြန်ဝင်ပြေးသွား ရတယ်။ အဓိက ထောက်ပို့ လမ်းကြောင်းတွေကို တော်တော် များများကို KIA က ထိန်းချုပ် ထားပြီးလို့ စစ်ရှုံးကောင်စီဟာ ကချင်ပြည်နယ် ထဲက တပ်တွေကို လူသူ လက်နက် ရိက္ခာ ပို့ဖို့ အခက်အခဲ ဖြစ်နေပုံရတယ်။
ညောင်ကျိုး သိမ်းပြီး အပစ်ရပ်ထားတဲ့ AA ကို ကြည့်ရင်လည်း ဧရာဝတီတိုင်းထဲမှာ တန်ပြန်စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတာ တွေ့ရတယ်။ လေးမျက်နှာ မြို့နယ်ထဲကို တဖြည်းဖြည်း တိုးဝင်လာတဲ့ AA + PDF ပူးပေါင်း တပ်တွေကြောင့် စစ်ရှုံးကောင်စီ ခန့်ထားတဲ့ အုပ်ကြီးတွေ အသက်လု ထွက်ပြေး နေရတယ်။ အလင်းဝင်လာတဲ့ စခတစ်ယောက် ပြောစကား အရဆို ပဲခူး-ရခိုင် အစပ်က လေးအိမ်စု စခန်းလည်း အသိမ်း ခံလိုက်ရပြီလို့ သိရတယ်။ အဲဒီ တိုက်ပွဲမှာ AA အင်အား ထောင်ချီပြီး တိုက်သွားတယ်လို့ ဆိုတဲ့ အတွက် AA ရဲ့ တပ်ဖြန့်တဲ့ ဗျူဟာက စိတ်ဝင်စားစရာ ကောင်းတယ်။
ဒီရက်ပိုင်း ထင်မှတ်မထားတဲ့ နေရာ တစ်ခုမှာလည်း တိုက်ပွဲ ဖြစ်သွားတာ တွေ့ရတယ်။ တကယ်တော့ တိုက်ပွဲလို့တောင် ခေါ်မရပါဘူး။ စခတွေ ထမင်းဆိုင်မှာ စားနေတာကို တော်လှန်ရေး တပ်တွေ ဝင်ပစ်လို့ ခွေးပြေးဝက်ပြေး ထွက်ပြေး ကြရတာ။ ရန်ကုန်-ပြည် လမ်းမပေါ်၊ မင်းလှ ဘက်မှာ ဖြစ်သွားတာ။ စခ ၈ ကောင်လောက် ကြွသွားတယ် ပြောတယ်။ တကယ်တော့ အဲဒီလမ်းက စစ်ရှုံးကောင်စီရဲ့ L of C မဟာဗျူဟာ လမ်းကြောင်းကြီး မို့လို့ လမ်းတစ်လျှောက် တပ်တွေ အများကြီးနဲ့ သေချာ ထိန်းချုပ်ထားတာ။ ဒီလို လမ်းမှာတောင် အတိုက်ခံရလို့ သွေးရူး သွေးတန်းဖြစ်ပြီး လေယာဉ်နဲ့ ပတ်ရမ်း နေတယ်။
မကွေးဘက်မှာတော့ ကံမမြို့နယ်ထဲက ရေနံ့သာ ရဲစခန်းကို ဝင်စီးတာ စခန်းမှူး အရှင်ဖမ်းမိပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။ မင်းကွန်း ဘက်မှာလည်း ပျူစောထီး ခေါင်းဆောင်နဲ့ အပေါင်းပါတွေကို ဇီဝိန်ချုပ်ပေး ခဲ့ကြတယ်။ ထူးခြား သတင်းအနေနဲ့ ပခုက္ကူဘက်မှာ စက်တပ် လေထီးတစ်စီးကို လက်နက်ငယ်နဲ့ လိုက်ပစ်တာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့သတဲ့။ ယာဉ်ကို အသေးစိတ် ဗီဒီယို ရိုက်နိုင်ပေမယ့် သယ်ဆောင် သွားဖို့ မဖြစ်နိုင်လို့ မီးရှို့ ဖျက်ဆီးခဲ့တာ တွေ့ရတယ်။ ဒီတစ်ပတ် အတွင်း မုံရွာ နမခလည်း ရှော့တိုက်ဒုန်းတွေ ထပ်အပစ်ခံရသေးတယ်။ မတ္တရာ ဘက်ကို စစ်ရှုံးကောင်စီ စစ်ကြောင်း ထိုးလာလို့ MDY PDF နဲ့ တိုက်ပွဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း တွေ့တယ်။
ခုရက်ပိုင်း အားရစရာ အောင်ပွဲတွေ ဆက်တိုက် ရနေတာ တောင်ပိုင်းက KNLA + PDF ပူးပေါင်း တပ်တွေပဲ။ အခုဆိုရင် တပ်မဟာ ၃ က ရွှေကျင်၊ တပ်မဟာ ၄ က ထားဝယ် ၊ တပ်မဟာ ၅ က ကမမောင်း၊ တပ်မဟာ ၆ က ကော့ကရိတ် ကျုံဒိုး၊ တပ်မဟာ ၇ က လှိုင်းဘွဲ့ဘက်တွေကို တပြိုင်တည်း တိုက်စစ်ဖွင့်နေတာ တွေ့ရတယ်။ တတိယလှိုင်းကို ကရင် နဲ့ စဖွင့်နေသလားတောင် ထင်ရတယ်။ အောင်မြင်မှု အနေနဲ့ ထိုင်းနယ်စပ်က ဗျူဟာ စခန်းကုန်းကြီး ဖြစ်တဲ့ ထီးထ ဗျူဟာကို သိမ်းနိုင်ခဲ့သလို ရွှေကျင် ကွမ်းဆိပ်စခန်းကိုလည်း တော်လှန်ရေး တပ်တွေ အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းက ခွေးဂိတ်တွေလည်း အကုန်နီးပါး ပတ်သိမ်းထား လိုက်ပြီ။ ကော့ကရိတ် မြို့နားက ရင်ကွဲတောင် စခန်းကို သိမ်းပြီးတဲ့အပြင် အခုဆို မြို့ကိုတောင် ပိတ်ဆို့ ဝန်းရံထားနိုင်နေပြီ။ မြို့ထဲကို ကုန်းလမ်းကနေ လူသူ၊ လက်နက်၊ ရိက္ခာ ပို့မရတော့ဘူး။ ဒေါနတောင်ပေါ်က တောနော ရေတံခွန်နားမှာ ဒစ်လည်နေတဲ့ အောင်ဇေယျ စစ်ကြောင်းပါ အခုဆို ပိတ်မိသွားတဲ့ သဘောရှိတယ်။ ရှေ့လည်း တက်မရ၊ နောက်လည်း ပြန်ဆုတ်မရ ဖြစ်နေပြီ။ တစုတစည်းတည်း ပိတ်မိတာတောင် မဟုတ်ဘဲ အပိုင်းပိုင်းဖြတ်ပြီး အပိတ်ခံလိုက်ရတာ။ အငတ်ခံပြီး ပေကပ်နေမလား၊ လက်နက် ချမလား ရွေးရတော့မှာ။
တကယ်တော့ ၂၀၂၅ မှာ တော်လှန်ရေး အပြီးသတ် အောင်မြင်ဖို့ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၁၀၀ နီးပါး ရှိနေသလို စစ်ရှုံးကောင်စီရဲ့ နယ်မြေ ထိန်းချုပ်နိုင်စွမ်းက သိသိသာသာ လျော့လာတာလည်း မျက်မြင်ပါပဲ။ EROs တွေရဲ့ ထိုးစစ်တွေဟာ ပိုပြီး ပြင်းထန်လာသလို MOD ကလည်း တပ်ပေါင်းစုံ ပါဝင်တဲ့ အထွေထွေ ထိုးစစ်ကြီး အတွက် ပြင်ဆင်နေပါသတဲ့။ ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးတို့လို ပြည်ပရောက် နေတဲ့ အစိုးရ အဖွဲ့ဝင်တွေလည်း ပြန်လာပြီး ဖိဖိစီးစီး လုပ်ပေးနေကြလို့ ပြည်သူတွေ မျှော်လင့်နေတဲ့ သတင်းကောင်းတွေ အများကြီး ကြားရဖို့ မျှော်လင့်နေပါတယ်။

Related Posts

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

ဒီဇင်ဘာ ၃၁၊ ၂၀၂၄။ (အင်္ဂါ)
သုံးသပ်ချက်များ

အီလည်လည် တော်လှန်ရေး

March 15, 2025

အီလည်လည် တော်လှန်ရေး တော်လှန်ရေးက၄နှစ်ကျော်လာပြီး ၅ နှစ်ထဲ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English