ကရင်ပြည်နယ်မှာမြဝတီမြို့ကိုထိမ်းချုပ်ဖို့ စစ်ကောင်စီရဲ့အောင်ဇေယျစစ်ကြောင်းက်ု စေလွှတ်ထားတာအခုဆိုရင် တစ်နှစ်လောက်ကြာနေပါပြီ။ထိုစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုကြောင့်လုံးပါးပါးနေချိန်မှာပဲ ကရင်ပြည်နယ်ထဲမှာKNUက စစ်ရေးလှုပ်ရှားမှုအသစ်တွေ စတင်လာပါတယ်။ KNUတပ်မဟာတွေဟာ စစ်ကောင်စီကို ထိုးစစ်တွေစတင်လာတယ်။ အခုဆိုရင် တပ်မဟာ ၃ က ရွှေကျင်၊ တပ်မဟာ ၄ က ထားဝယ် ၊ တပ်မဟာ ၅ က ကမမောင်း၊ တပ်မဟာ ၆ က ကော့ကရိတ် ကျုံဒိုး၊ တပ်မဟာ ၇ က လှိုင်းဘွဲ့ဘက်တွေကို တပြိုင်တည်း တိုက်စစ်ဖွင့်နေတာ တွေ့ရတယ်။ အောင်မြင်မှု အနေနဲ့ ထိုင်းနယ်စပ်က ဗျူဟာ စခန်းကုန်းကြီး ဖြစ်တဲ့ ထီးထ ဗျူဟာကို သိမ်းနိုင်ခဲ့သလို ရွှေကျင်မြို့ ကွမ်းဆိပ်စခန်းကိုလည်း တော်လှန်ရေး တပ်တွေ အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းက စစ်ကောင်ီဂိတ်တွေလည်း အကုန်နီးပါး ပတ်သိမ်းထား လိုက်ပြီ။ ကော့ကရိတ် မြို့နားက ရင်ကွဲတောင် စခန်းကို သိမ်းပြီးတဲ့အပြင် အခုဆို မြို့ကိုတောင် ပိတ်ဆို့ ဝန်းရံထားနိုင်နေပြီ။ မြို့ထဲကို ကုန်းလမ်းကနေ လူသူ၊ လက်နက်၊ ရိက္ခာ ပို့မရတော့ဘူး။ မနှစ်ကဒီအချိန်မှာ အောင်ဇေယျစစ်ကြောင်းကြောင့် ကော့ကရိတ်မြို့ကဆုတ်ခွာခဲ့ရပေမယ့် အခုတော့ကော့ကရိတ်မြို့ကို ပြန်လည်ဝန်းရံထားနိုင်ပါပြီ။