လားရှိုးမြို့ထဲကိုစစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။စစ်ယာဥ်တန်းတွေနဲ့ အင်အားများစွာပါလာတယ်။လားရှိုးမြို့အလွဲအပြောင်းကိစ္စအတွက် တရုတ်အထူးကိုယ်စားလှယ် ကိုယ်တိုင်လာရောက်စောင့်ကြည့်နေတာပါ။ဒါပေမယ့် အခုချိန်ထိစစ်ကောင်စီရော MNDAAရောဘာသတင်းမှ မထုတ်ပြန်သေးပါဘူး။ဒါပေမယ့်ကျိန်းသေတာတစ်ခုကတော့ မြန်မာပြည်မတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် အသက်ပေါင်းများစွာ ရင်းနှီးပြီးတိုက်ယူထားတဲ့လားရှိုးမြို့ကြီးကို တရုတ်ရဲ့ဝင်ရောက်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်ရပီဖြစ်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


