Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဘယ်သူ့​ကြောင့်လဲ

April 19, 2025
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက် တချို့တွေ အသက်ရှင်လျက်ကယ်တင်ပေးနိုင်ခဲ့တာကျေးဇူးတင်စရာပါပဲ။ ငလျင်လှုပ်ပြီး ပြီးချင်းအကူအညီတွေချက်ခြင်းပေးခဲ့တာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။Emergency Respond Team ကို လွှတ်ပေးခဲ့ရုံသာမက ကူငွေအနေနှင့်ယွင်သန်း၁၀၀ ကျော် ကူညီပေးတာမို့ဒေါ်လာအားဖြင့်၁၃ သန်းရှိပြီး အကူအညီပေးတဲ့နိုင်ငံတွေထဲအများဆုံးဖြစ်ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတြေလျ၊ အစရှိတဲ့နိုင်ငံတွေကတော့ ၂ သန်း၊ ကနေ ၅ သန်းပတ်လည်လောက် ကနဦးကူညီကြတာကြားသိရပါတယ်။ ဒီအတွက်ကျေးဇူးတင်စရာတွေဖြစ်ပေမဲ့ နိုင်ငံတကာ သဘာဝဘေး ဖြစ်တာခြင်းအတူတူ လူတွေသေကြေပျက်ဆီးကြတာခြင်း အတူတူ နိုင်ငံတကာက လူသားခြင်းစာနာထောက်ထားပြီး ကူညီပုံခြင်းမတူတာလေးတော့ပြောချင်ပါတယ်။ မတူရတာကလည်း ကမ္ဘာနှင့်တဝှမ်း စေတနာခေါင်းပါးလို့မဟုတ်ပဲ အကူညီပေးရမဲ့ နိုင်ငံမှာ သူတို့ပေးတဲ့ အကူအညီတွေ ထိထိရောက်ရောက် ဖြစ်ပါ့မလား အမှန်တကယ်လိုအပ်တဲ့သူတွေဆီ အကူအညီတွေရောက်ပါ့မလား ကူရကျိုးမနပ်ပဲ စီမံခန့်ခွဲမှုအလွဲတွေနဲ့ အလွဲသုံးစားတွေ ဖြစ်မှာလား ကူလိုက်တဲ့အကူအညီတွေက ဒေသခံတွေကို ပိုပြီး နှိပ်စက်ကလူ ဖြစ်စေမှာလား အစရှိတဲ့ စိုးရိမ်စိတ်တွေ သံသယတွေကြောင့် နိုင်ငံတကာက အကူအညီ ပေးမှုတွေဟာ စိတ်မကောင်းစွာ ကွဲပြားခြားနားတာကို တွေ့ရပါတယ်။

 

အားလုံးသိတဲ့အတိုင်း ၂၀၁၀ ခုနှစ်မှာ ဟေတီငလျင်ကြီးလှုပ်ပါတယ်။ ငလျင်ပြင်းအား ၇ ရှိပြီး လူပေါင်း နှစ်သိန်းသုံးသောင်းသေကာ တစ်သန်းခွဲလောက်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး တလအတွင်း နိုင်ငံတကာက ပေးတဲ့အကူအညီကိုကြည့်ရင်

 

အမေရိကန် ၃၇၉ သန်း

EU ၄၂၉ သန်း

ကနေဒါ ၁၃၀ သန်း

ကမ္ဘာ့ဘဏ် ၁၀၀ သန်း

IMF ၁၁၄ သန်း

UN ၅၇၅ သန်းလျာထားပြီး တဝက်က ရက်ပိုင်းအတွင်းပေးအပ်ခဲ့ပါတယ်

NGO နှင့် ပုဂ္ဂလိက အလှူရှင် သန်း ၅၀၀ ကျော်ရှိပါတယ်။

 

ဒါကြောင့်မို့လို့ ဟေတီငလျင်လှုပ်ပြီး တလအတွင်းမှာ နိုင်ငံတကာ အကူအညီ ဒေါ်လာသန်းပေါင်း ၂၂၂၇ သန်းရရှိခဲ့ပါတယ်။ နိုင်ငံ​ပေါင်း ၆၀ ကျော်က ကူညီခဲ့တာပါ။

 

မကြာ​သေးခင်က ၂၀၂၃ ခုနှစ်မှာ တူရကီ၊ ဆီရီးယား နှစ်နိုင်ငံထိစပ်နယ်​မြေ​တွေမှာ ၇.၈ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် တူရကီမှာ လူ ငါး​သောင်း​လောက်​သေဆုံးပြီး ဆီရီယားဘက်အခြမ်းမှာ လူကိုး​ထောင်​လောက်​သေပါတယ်။ အ​ဆောက်အဦး နှစ်သိန်း​လောက်ပျက်ဆီးပါတယ်။

 

ငလျင်လှုပ်ပြီး သုံးပတ်အတွင်းရတဲ့ နိုင်ငံတကာအလှူကို ကြည့်ရင်

 

UN က တူရကီကို ၃၉၇ သန်း ဆီရီးယားကို ၃၉၈ သန်း

EU က ဖြစ်ဖြစ်ခြင်း ယူရို ၁၀ သန်း​ပေးခဲ့ပြီး နောက်ပိုင်း သန်း ၅၀၀

 

အ​မေရိကန်က ၁၈၅ သန်း

အ​ရှေ့အလယ်ပိုင်း​ရေနံသူ​ဌေးနိုင်ငံ​တွေက သန်း၂၀၀

UK က ပေါင် ၂၅ သန်း

တရုတ်က ၅ သန်း

ကမ္ဘာ့ဘဏ်က တူရကီကို သန်း ၁၇၈၀ ဒေါ်လာ

NGO တွေက သန်း ရာချီ

 

ပေးအပ်ခဲ့ပါတယ်။ တူရကီက​တော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမို့ထားလိုက်ပါ​တော့ ၊ သို့​သော် မြန်မာပြည်လိုပဲ ပြည်တွင်းစစ်ဖြစ်​နေတဲ့ ဆီရီးယားဟာ ငလျင်လှုပ်ပြီး သုံးပတ်အတွင်းမှာတွင် UN တခုတည်းက ဒေါ်လာသန်း ၃၉၈ သန်း​ပေးခဲ့တာကိုကြည့်ရင် ကျွန်​တော်များစွာ ဝမ်းနဲမိပါတယ်။ လူ​တွေ​သေ​ကြေရတာချင်းအတူတူ မြန်မာပြည်သူ​တွေရဲ့ အဖြစ်ကဆိုးပါတယ်

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

ဒီဇင်ဘာ ၃၁၊ ၂၀၂၄။ (အင်္ဂါ)
သုံးသပ်ချက်များ

အီလည်လည် တော်လှန်ရေး

March 15, 2025

အီလည်လည် တော်လှန်ရေး တော်လှန်ရေးက၄နှစ်ကျော်လာပြီး ၅ နှစ်ထဲ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English