စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့မှ ကျောင်းသားကျောင်းသူများအားလုံး ဇွန်လ ၁၆ ရက်နေ့မှစတင်ပြီး စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာလိုက်တယ်။ ထိုသတင်းဟာ ထွက်နေတာကြာပြီဖြစ်ပြီး အခုမှစစ်ကောင်စီက အတည်ပြုလိုက်တာပါ။ ငလျင်ကြီးလှုပ်ခတ်စဉ်မှာ မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ အခုလို စာမေးပွဲ ပြန်ဖြေဖို့ စစ်ကောင်စီက ညွှန်ကြားတာဖြစ်တယ်။
ဒီညွန်ကြားချက်ဟာကျောင်းသားတွေအတွက်တော့အဆင်မပြေပါဘူး။ စာမေးပွဲကြီးပြီးလို့စိတ်ကိုလွတ်ချပြီး ခေါင်းထဲကစာတွေ အကုန်မေ့ပစ်လိုက်အပြီးမှာ စာမေးပွဲပြန်ဖြေရမယ်ဆိုတာကြီးက ဘယ်လိုမှအဆင်ပြေမနေပါဘူး။ ဒါ့အပြင် ပြန်ဖြေရမယ့် ကျောင်းသားကျောင်းသူအများစုဟာ ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးခြင်းနှင့် စီးပွားရေးများ ပျက်စီးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရန် ခက်ခဲနေကြတယ်။