စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက အဝေးပြေးလမ်းတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေဟာ တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်တွေမှာ တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းသိရတယ်။အာဏာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်သည့်စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူနေပြီးနေ့စဉ်သိန်းထောင်ချီရရှိနေတယ်။ ထိုလမ်းတွေမှာကားအစီးရေ သောင်းချီဖြတ်နေပြီး တစ်စီးကို ၁၀၀၀ ကနေ ၅၀၀၀ကတော့ ပုံမှန်တောင်းတယ်။ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့မပါရင်သောင်းချီငွေညှစ်တယ်။ ဘယ်သူမှ ထိုသူတောင်းစားတွေကို ပိုက်ဆံမပေးချင်ကြဘူး။မပေးပြန်ရင်လဲ နည်းမျိုးစုံနဲ့ ရန်ရှာကြသေးတယ်။ တကယ်တော့သေနတ်ကိုင်ပြီး ဓားမြတိုက်နေကြတာပါ။
ခရီးသွားများတွေကိုငွေညစ်ရာမှာ ပျုစောထီးများကို အဓိကအသုံးပြုပြီးရဲ နှင့် စစ်တပ်က စောင့်ကြည့်ရေးတာဝန်ယူကြတယ်။ ဥပဒေမဲ့ငွေတောင်းရင်တိုင်ကြားရန် ဗီနိုင်းဖြင့် စာကပ်ထားသော်လည်း စစ်ကောင်စီဝန်ထမ်းများမှာ အတိုင်အဖောက်ညီညီနဲ့ ခရီးသွားပြည်သူတွေဆီက ငွေညစ်နေကြတယ်။