VOA နဲ့ RFA ကိုပေးနေတဲ့ဘက်ဂျက်တွေကို ထရန့်အစိုးရလျော့ချဖြတ်တောက် လိုက်ပြန်ပါတယ်။ထိုသတင်းဌာနတွေရဲ့အသုံးစားရိတ်တွေ ဖြတ်တောက်ခံရတာကြောင့် ဝန်ထမ်းတွေထောင်ချီပြီးအလုပ်ပြုတ်ကုန်ပါပြီ။VOAဟာ အမေရိကန်အစိုးရပိုင်ဖြစ်ပြီး ထိုသတင်းဌာနနှစ်ခုလုံးဟာ တစ်ခါတလေမှာစစ်ကောင်စီဘက်ရပ်တဲ့ အရေးအသားမျိုးတင်ဆက်လေ့ရှိပေမယ့် တော်လှန်ရေးအတွက် အားထားရတဲ့သတင်းဌာနတွေပါ။အမေရိကန်အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲတွေကြောင့် အခြားပြည်ပအခြေစိုက်သတင်းဌာနတွေလဲ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


