ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ရန်ပုံငွေလိုအပ်ချက် ကြီးမားမှုကြောင့် ဧပြီလက စပြီး မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ် (WFP)အနေနဲ့ ရန်ပုံငွေအသစ်မရရှိပါက အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ မသန်စွမ်းသူများပါဝင်တဲ့ လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ ထုတ်ပြန်ထားတယ်။ ဘာ့ကြောင့် ရန်ပုံငွေလိုအပ်ချက်ကြီးမားတယ်ဆိုတာ အကြောင်းပြချက်မပေးပေမယ့် ဒေါ်နယ်ထရမ့်အစိုးရရဲ့နိုင်ငံတကာအကူအညီပေးရေးရန်ပုံငွေတွေဖြတ်တောက်ခံရမှုကြောင့်လို့ သုံးသပ်ကြတယ်။ဒေါ်နယ်ထရမ့်ပေးတဲ့ ဒုက္ခတွေကတော့တစ်ခုပြီးတစ်ခုပါပဲ။ WFP ရဲ့အကူအညီပေးမှုရပ်ဆိုင်းလိုက်တာကြောင့် သက်ရောက်မှုရှိလာမယ့် ဒေသတွေထဲမှာ ရခိုင်ပြည်နယ်က ထိပ်ဆုံးကပါနေတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ရခိုင်ပြည်သူတချို့ဟာ ထိုအကူအညီတွေကို အဓိကအားပြုပြီးရှင်သန်နေကြရတာပါ။ လူဦးရေတစ်သန်းဆိုတာ နည်းတဲ့ပမာဏတော့ မဟုတ်ဘူး။ WFP ဟာမြို့ကြီးတွေရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာနေထိုင်ကြတဲ့ ဆင်းရဲသားပြည်သူတွေကိုလဲ အခါအားလျော်စွာ ဆန်အိတ်တွေ ထောက်ပံလေ့ရှိတယ်။ အခုလိုအခြေအနေတွေကြောင့် ထိုထောက်ပံမှုတွေလဲရှိလာမှာ မဟုတ်တော့ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


