မန္တလေးတိုင်းနွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့အင်အား၂၀၀ပါ စစ်သူပုန်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေကစစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်နိုင်ခဲ့တယ်။ထိုတိုက်ပွဲမှာ စစ်သူပုန်လေးဆယ်ကျော်သေဆုံးပြီး ဆယ်ဦးကျော်ဖမ်းဆီးရမိကာ လက်နက်လဲလေးဆယ်ကျော် သိမ်းဆည်းရမိတယ်။ဒါ့အပြင်ပုဂံညောင်ဦးမြို့အနီးက ငါ့သရောက်မြို့မှာလဲ အင်အား၈၀ပါစစ်သူပုန်စစ်ကြောင်းကို ၇၀ ကျော်သေဆုံးသည်အထိ တိုက်ခိုက်နိုင်လိုက်တယ်။
ထိုတိုက်ပွဲတွေဟာမန္တလေးတိုင်းထဲမှာ စစ်သူပုန်တွေအသေအပျောက်အများဆုံးတိုက်ပွဲတွေပဲ။အရင်ကစစ်ကိုင်းတိုင်းထဲမှာ စစ်သူပုန်စစ်ကြောင်းတွေကို ချေမှုန်းနိုင်ခဲ့တာရှိပေမယ့်အခုမန္တလေးတိုင်းထဲမှာပါချေမှုန်းနိုင်လာတယ်။စစ်သူပုန်တွေဟာမြို့တွေပေါ်မှာသာ တပ်စွဲထားနိုင်ပြီးတော်လှန်ရေးတပ်တွေ အခြေပြုထားတဲ့ ရွာတွေဘက်စစ်ကြောင်းထိုးလာရင်တော့ အထိနာနေပါတယ်။