ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့မှာ KIAနဲ့TLNAနှစ်ဖက်တပ်တွေ အချင်းများနေတာကြာပါပြီ။အရင်ရက်တွေကအောက်ခြေတပ်သားတွေ ထိုးကြိတ်နေကြတဲ့ဗီဒီယိုဖိုင်တွေ တက်လာသေးတယ်။ဒီရက်ပိုင်းမှာတော့ ထိုမြို့ကKIAဆက်ဆံရေးရုံးကို TLNAကအင်အားသုံးဝင်စီးပြီး KIAတပ်ဖွဲ့ဝင်တွေကိုဖမ်းခေါ်သွားပါတယ်။ကွတ်ခိုင်မြို့မှာKIAတပ်တွေရှိနေတာ TLNAကသဘောကျပုံမရဘူး။အခုတော့နှစ်ဖက်တင်းမာမှုအခြေအနေတွေဟာ ပိုဆိုးလာနေပါပြီ။မကြာခင် ကျည်ပေါက်သွားနိုင်တဲ့အခြေအနေပါပဲ။KIAဘက်ကတော့ ဒေသခံပြည်သူတွေရဲ့သဘောထားနဲ့ ဆုံးဖြတ်သွားမယ်လို့ပြောလာတယ်။
ချင်းပြည်နယ်ဘက်မှာနှစ်ဖွဲ့ကွဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေပေါင်းစည်းဖို့ ကြိုးစားနေချိန်မှာ ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ကEAOကြီးတွေ အချင်းချင်းတင်းမာမှုတွေရှိလာတာ အလားအလာမကောင်းပါဘူး။ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့မျှော်လင့်မိတယ်။