အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကိုဒီနေ့စတင်ထွက်ခွာသွားပါတယ်။အရင်ကမင်းအောင်လှိုင်ဟာ ရုရှားကိုသုံးကြိမ်ထပ်မနည်းသွားခဲ့ဖူးပေမယ့် ဒီတစ်ခေါက်မှာတော့ ရုရှားသမ္မတ
ပူတင်ရဲ့ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်တယ်။ရုရှားတင်မကပဲပုလင်းတူဘူးဆို့နိုင်ငံတွေဖြစ်တဲ့ ဘီလာရုစ်ကိုပါသွားရောက်မယ်လို့သိရတယ်။
အာဏာသိမ်းပြီးတဲ့နောက်ဘယ်နိုင်ငံမှစစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုတဲ့အတွက်မင်းအောင်လှိုင်ဟာ ရုရှားနဲ့တရုတ်ကိုသာလှည့်ပတ်သွားလာနေရတယ်။ဒါပေမယ့်ထိုနှစ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးအာဏာရှင်နိုင်ငံတွေဖြစ်တာကြောင့် မင်းအောင်လှိုင်ရဲ့ခရီးစဥ်တွေကို စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။