ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ တပ်ရင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဖမ်းမိခဲ့သည့် စစ်သုံ့ပန်း ၇၀ကျော်ရှိတယ်လို့ သိရတယ်။ ထိုတပ်ရင်းကိုဘသိမ်းပိုက်ပြီးနောက် ဆုတ်ခွာလမ်းကြောင်းတွေကိုပါ ပိတ်ဆို့လိုက်နိုင်တာကြောင့် အခုလိုအရေအတွက်များများ ဖမ်းမိခဲ့ခြင်းဖြစ်တယ်။ ဗန်းမော်လေဆိပ်ကိုလဲ KIAက အပြီးသတ်ထိန်းချုပ်နိုင်လိုက်ပါပြီ။ KIA ပူးပေါင်းတပ်များဟာ ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ဌာနချုပ်ကို အပြီးသတ်ရရှိရေး ဖေဖော်ဝါရီလဆန်း ကတည်းက စစ်ရှိန်မြှင့် ထိုးစစ် ဆင်နေတာကြောင့် စစ်ကောင်စီကလည်း လေယာဉ် ၊ ဒရုန်း ၊လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက် ခုခံတိုက်ခိုက်လျက်ရှိတယ်။
မတ် ၀၅၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
စစ်ကိုင်းတိုင်း မုံရွာမန္တလေးလမ်းမပေါ်မှာခရီးသည်တင်ကားတစီးကိုစစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးချသွားပါတယ်။ ဒီနေ့ထိုလမ်းပေါ်မှာစစ်ကောင်စီရဲ့သံပြားကာစစ်ကားနှစ်စီးကို တော်လှန်ရေးအဖွဲ့တွေခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်လမ်းပိတ်ထားတာကြောင့်...