စောချစ်သူကိုထိုင်းဘက်က ဖမ်းဝရမ်းထုတ်ဖို့လေသံပစ်ပြီးနောက်ကျားဖြန့်လုပ်ငန်းတွေထဲမှ ဖမ်းဆီးခိုင်းစေခံနေရသူအများအပြားကိုBGFက ပြန်လွတ်ပေးနေပါတယ်။နိုင်ငံခြားသားအများစုပါဝင်နေပြီး ထိုင်းနိုင်ငံဘက်ကိုပြန်ပို့ပေးနေတယ်။စောချစ်သူကလဲ သူ့နယ်မြေထဲကျားဖြန့်လုပ်ငန်းတွေရှိနေတာ သူမသိကြောင်းခပ်ပြောင်ပြောင်ပဲငြင်းထားတယ်။ကျားဖြန့်လုပ်ငန်းတွေထဲမှာ အနိုင်ကျင့်ဖမ်းဆီးခံနေရသူတွေကိုပြန်လွတ်ပေးရုံလောက်နဲ့ ဒီကိစ္စကြီးတစ်ခုလုံးပြေလည်သွားမယ်လို့ ထင်နေကြတယ်။အနိုင်ကျင့်သူတွေ၊ပြစ်မှုကျူးလွန်သူတွေ တကယ်ငွေလိမ်နေတဲ့တရုတ်သူဌေးတွေကို အရေးယူဖို့ကျတော့ဘယ်သူမှစကားမဟပဲအသံတိတ်နေကြတယ်။ထိုသူတွေကို ဖမ်းဆီးအရေးမယူသ၍နိုင်ငံခြားသားတွေလွတ်ပေးလိုက်လဲ မြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့ ကျားဖြန့်ကဆက်လက်လည်ပတ်နေဦးမှာပဲ။
ဒီအရှုပ်တော်ပုံရဲ့အဓိကလက်သည်ကတော့ စစ်ကောင်စီနဲ့စောချစ်သူပါပဲ။သူတို့လက်ခံထားလို့သာ ကျားဖြန့်လုပ်ငန်တွေရှင်သန်နေတာပါ။ဒါပေမယ့်စောချစ်သူကို ထိုင်းကမထိရဲသလို စစ်ကောင်စီကိုလဲတရုတ်ကမထိရဲပါဘူး။ဒါ့ကြောင့်မြန်မာပြည်က ကျားဖြန့်တွေသက်ဆိုးရှည်နေဦးမှာပါ။