စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေကိုလေကြောင်းမှ တိုက်ခိုက်ရာမှာစက်တပ်လေထီးတွေကိုအသုံးပြုလာပါတယ်။စက်တပ်လေထီးတွေဟာ ထိရောက်မှုအားနည်းတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မသုံးပဲအရပ်သားပြည်သူတွေကို လေကြောင်းကတိုက်ခိုက်တဲ့နေရာမှာသုံးလာတယ်။အထူးသဖြင့်EAOဒေသတွေမှာ မသုံးပဲမြန်မာပြည်အလယ်ပိုင်းက အရပ်သားပစ်မှတ်တွေကိုတိုက်ခိုက်ရာမှာသုံးလာတယ်။ထိုစက်တပ်လေထီးတွေကြောင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲမှာအရပ်သားပြည်သူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလိုရှိလာပါပြီ။လိုကယ်PDFတွေ စိုးမိုးတဲ့နေရာတွေဖြစ်တာကြောင့် ပစ်ချဖို့လဲမတတ်နိုင်သေးပါဘူး။လေယာဥ်၊ရဟတ်ယာဥ်တွေထပ်စာရင် စားရိတ်ကုန်ကျမှုမရှိသလောက်နည်းပါတဲ့ စက်တပ်လေထီးတွေကိုစစ်ကောင်စီဟာ နောက်ပိုင်းမှာကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာကြောင့် ဒါကိုတန်ပြန်နိုင်ဖို့နည်းလမ်းတွေအခုထဲက ရှာထားသင့်ပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


