USAIDကိုရံပုံငွေဖြတ်တောက်လိုက်ခြင်းဟာ နယ်စပ်မှာသာမကပြည်တွင်းမှာပါ အကျိုးသက်ရောက်မှုတွေရှိလာတယ်။ထိုအဖွဲ့ဟာNGOမှတဆင့် HIVနဲ့ တီဘီဆေးတွေကိုအဓိကထောက်ပံပေးနေတာပါ။ထိုအဖွဲ့မရှိတော့ရင်ပြည်တွင်းက HIVနဲ့တီဘီလူနာတွေ ဆေးအချိန်မီရရှိဖို့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အခုတောင်USAIDကထောက်ပံထားတဲ့ NGOတချို့ပိတ်သိမ်းဖို့လုပ်နေပါပြီ။စစ်ကောင်စီကလဲ ထိုကိစ္စကိုတာဝန်ယူမှာမဟုတ်ပါဘူး။ထရန့်အမေရိကန်သမ္မတဖြစ်လာတာ တော်လှန်ရေးအတွက်ကောင်းမကောင်းမသိသေးခင်မှာပဲ မြန်မာပြည်သူတွေအတွက်တော့ ဆိုးကျိုးတွေစတင်ဖြစ်ပေါ်လာနေပါပြီ။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...