USAIDကိုရံပုံငွေဖြတ်တောက်လိုက်ခြင်းဟာ နယ်စပ်မှာသာမကပြည်တွင်းမှာပါ အကျိုးသက်ရောက်မှုတွေရှိလာတယ်။ထိုအဖွဲ့ဟာNGOမှတဆင့် HIVနဲ့ တီဘီဆေးတွေကိုအဓိကထောက်ပံပေးနေတာပါ။ထိုအဖွဲ့မရှိတော့ရင်ပြည်တွင်းက HIVနဲ့တီဘီလူနာတွေ ဆေးအချိန်မီရရှိဖို့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အခုတောင်USAIDကထောက်ပံထားတဲ့ NGOတချို့ပိတ်သိမ်းဖို့လုပ်နေပါပြီ။စစ်ကောင်စီကလဲ ထိုကိစ္စကိုတာဝန်ယူမှာမဟုတ်ပါဘူး။ထရန့်အမေရိကန်သမ္မတဖြစ်လာတာ တော်လှန်ရေးအတွက်ကောင်းမကောင်းမသိသေးခင်မှာပဲ မြန်မာပြည်သူတွေအတွက်တော့ ဆိုးကျိုးတွေစတင်ဖြစ်ပေါ်လာနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


