Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရာထူးအပြောင်းအလဲများနှင့် စခဲ့သည့် လေးနှစ်ပြည့် စစ်ကောင်စီ

အာဏာသိမ်းပြီး လေးနှစ်ပြည့်ချိန် စစ်ကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်

February 3, 2025
in သတင်း
Reading Time:3 mins read
Share on FacebookShare on Twitter

အာဏာသိမ်းပြီး လေးနှစ်ပြည့်ချိန် စစ်ကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ပိုမြန်ဆန် ထိရောက်ရန်ဆိုကာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အစိုးရအဖွဲ့ဝင် အပြောင်းအလဲလုပ်ခဲ့သလို ဒေါက်တာ သက်သက်ခိုင် နှင့် ဝန်ကြီး ၂ ဦး အနားပေး၍ စစ်တိုင်းမှူးနှစ်ဦးကို ရာထူး အပြောင်းလဲ ယမန်နေ့က လုပ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်မှာ နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာပြီး နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှာ ပြည်ထဲရေး ဝန်ကြီးဖြစ်လာသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကမူ ၂၀၂၃ခု သြဂုတ်လက ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်သည် NLD အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီမှ CEC အချို့နှင့် ရင်းနှီးကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သူ ဖြစ်ပြီး၊ ယခုလို နယ်စပ်ရေးရာဝန်ကြီး အဖြစ်ပြောင်းလဲလိုက်ခြင်းက လုပ်ပိုင်ခွင့်လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း လေ့လာသူ အချို့က မှတ်ချက်ပြုသည်။

နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်

ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ အခြားအဆင့်စစ်သည်မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၈၈ တပ်မမှူး၊ မြောက်ပိုင်းတိုင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့၌ တိုင်းမှူး၊ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ( ကစထ-၁ ) တာဝန်များကို ထမ်းဆောင်ခဲ့ရာမှ စစ်တပ်အာဏာ သိမ်းပြီး နောက်နယ်စပ်ရေးရာ ဝန်ကြီး ဖြစ်လာခဲ့သည်။

ထို့အတူ ဒု စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် (စရဖ)နှင့် ပြည်ထဲရေး ဒုဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်တိုးရီမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်အဖြစ် ရောက်ရှိသွားပြီး ၎င်း၏နေရာကို ဗိုလ်ချုပ်အောင်ကျော်ကျော်ဖြင့် အစားထိုးခဲ့သည်။

ဗိုလ်ချုပ်အောင်ကျော်ကျော်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၂ (DSA-32)ကျောင်းဆင်းတဦးဖြစ်ပြီး အထူးစစ်ဆင်ရေး ကွပ်ကဲရေးဌာန (အောက်မြန်မာပြည် )၊ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (အောက်မြန်မာပြည်)၏ ကွပ်ကဲရေးမှူး အဖြစ် အာဏာသိမ်းချိန်မှစကာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရန်ကုန်တွင် အခြေစိုက်သည့် အောက်မြန်မာပြည် အထူးစစ်ဆင်ရေးကွပ်ကဲရေးဌာနသည် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး လက်အောက်ရှိ စစ်ထောက်လှမ်းရေး အဖွဲ့အစည်းတခုဖြစ်ကာ စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း အတွင်း တော်လှန်ရေးအဖွဲ့အစည်းများအား ဖမ်းဆီးနှိပ်စက်သည့် လုပ်ရပ်များတွင် တာဝန်ရှိသူဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်

အနားပေးခံရသော ဝန်ကြီး ၃ ဦး

အာဏာသိမ်း ၄ နှစ်ပြည့်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံတို့ကိုရာထူးမှ အနားယူခွင့် ပြုကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင် ကြေညာခဲ့သည်။

ဒေါက်တာသက်သက်ခိုင်အား ရာထူးမှ အနားပေးလိုက်ခြင်းအပေါ် လေ့လာသူအချို့က ၂၀၂၅ ခုနှစ်တွင် ကျင်းပမည် ဆိုသော ရွေးကောက်ပွဲ ဝင်ရောက်ရန်ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသလို အချို့ကမူ စစ်ခေါင်းဆောင် မကြိုက်သည့်အတွက် အနားပေးသည်ဟု မှတ်ချက်ပြုသူများလည်းရှိသည်။

၎င်း၏ နေရာတွင် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စိုးဝင်းနှင့် အစားထိုးခဲ့ပြီး၊ ၎င်းသည် အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် ( ၉ ) ဆင်းဖြစ်ပြီး အမှတ် ၁၄ စစ်ဆင်ရေး စစ်ဌာနချုပ် တပ်မမှူးအဖြစ် နောက်ဆုံး တာဝန်ယူခဲ့ပြီးနောက် လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သံအမတ်အဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဖြစ်လာသည့် ဗိုလ်ချုပ်တိုးရီ

ထို့အတူ လစ်လပ်သွားသော အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နေရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်ယူခဲ့သော ဦးချစ်ဆွေကို ခန့်အပ်ခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးအဖြစ် ဦးမင်းသိန်းဇံနေရာတွင် Jeng Phang နော်တောင် ကိုခန့်အပ်သည်ဟု ဖော်ပြထားသည်။

စစ်တိုင်းမှူးနှစ်ဦး အပြောင်းအလဲ

အာဏာသိမ်း လေးနှစ်မပြည့်မီ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သော ဗိုလ်ချုပ် ဇော်ဟိန်းအား စစ်ထောက်ချုပ် အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းကို ရန်ကုန်တိုင်းစစ်တိုင်းမှူး အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

စစ်ထောက်ချုပ်ဖြစ်လာသော ဗိုလ်ချုပ်ဇော်ဟိန်းသည် သမ္မတ ဦးသိန်းစိန်လက်ထက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် သစ်တောရေးရာဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် (ငြိမ်း) သိန်းအောင်၏ သားဖြစ်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ကျောင်းဆင်း ဗိုလ်ချုပ်ဇော်ဟိန်းသည် အာဏာသိမ်းပြီးနောက် နေပြည်တော်တိုင်းမှူး၊ ထိုမှ ရန်ကုန်တိုင်းစစ်တိုင်းမှူးဖြစ်လာခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင်၏ အထူးယုံကြည်ရသူဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အသက် အငယ်ဆုံးခရိုနီဖြစ်သော ဧရာဟင်္သာကုမ္ပဏီများအုပ်စုအကြီးအကဲ ဦးဇော်ဝင်းရှိန်နှင့်လည်း ရင်းနှီးသောဆက်ဆံရေး ရှိကြသူများဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

အနားပေးခံရသော ဟိုတယ်/ခရီး ဝန်ကြီး( ဟောင်း) ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာသော ဗိုလ်ချုပ်ပြည်စုံလင်းမှာ DSA- 40 ကျောင်းဆင်းတဦးဖြစ်ပြီး အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်တွင် နေပြည်တော်စစ်ရုံးချုပ်၌ စစ်ဦးစီးဗိုလ်မှူးချုပ်နှင့် အမှတ် ( ၆ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန် များထမ်းဆောင်ခဲ့ပြီးနောက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကဲ့သို့ စစ်ဆင်ရေးဖိအား မများသည့်တိုင်းများမှ စစ်တိုင်းမှူးအများစုမှာ နောက်တဆင့်ရာထူးတိုးပေးခံသူများပြီး စစ်ဆင်ရေး တာဝန်ရှိသည့်တိုင်းမှူးများမှာ ရာထူးမှ ဖယ်ရှားခံရခြင်း၊ ဖမ်းဆီးထောင်ချခံရခြင်းစသော အရေးယူခံသူများသာ ရှိကာ နောက်တဆင့်ရာထူးတိုးပေးခံသူမှာလည်း အနည်းငယ်သာရှိသည်ဟု စစ်ရေးလေ့လာသူများကဆိုသည်။

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English