ဒီလေးနှစ်အတွင်းမှာတိုးတက်လာတာကတော့တော်လှန်ရေးအင်အားစုတွေရဲ့စစ်ရေးအခြေအနေပါပဲ။၂၀၂၃နိုဝင်ဘာလ၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက်စစ်ကောင်စီကိုစစ်ရေးအရအဆက်မပြတ်ဖိအားပေးနိုင်လာပြီးအခုဆိုရင်တနိုင်ငံလုံးမှာမြို့ပေါင်း၉၃မြို့အထိတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားနိုင်ပါတယ်။တနိုင်ငံလုံးမှာမြို့ပေါင်းသုံးရာကျော်ရှိတဲ့အတွက်သုံးပုံတစ်ပုံခန့်ကိုသိမ်းပိုက်နိုင်တဲ့သဘောပါ။ဒါ့အပြင်အနည်းဆုံးနိုင်ငံဧရိယာရဲ့တဝက်ခန့်ကိုထိန်းချုပ်ထားနိုင်နေပါပြီ။စစ်တမ်းတွေအရစစ်ကောင်စီဟာမြို့ပေါင်းတစ်ရာကျော်ခန့်ကိုသာထိန်းချုပ်နိုင်ပါတော့တယ်။
စစ်ရေးပိုင်းမှာတိုးတက်နေပေမယ့်နိုင်ငံရေးပိုင်းမှာတော့တိုးတက်မှုမရှိသလောက်ပါပဲ။ပြည်တွင်းမှာလက်နက်ကိုင်အဖွဲ့များစွာကွဲထွက်နေပြီးအခုအချိန်ထိစုစည်းနိုင်မှုမရှိသေးပါဘူး။ကိုယ့်အစီအစဥ်နဲ့ကိုယ်သာစစ်ဆင်ရေးတွေဖော်ဆောင်နေကြတယ်။NUGရဲ့အခြေအနေဟာလဲသိသိသာသာတိုးတက်လာခြင်းမရှိသေးပါဘူး။အခြားEAOတွေကိုစည်းရုံးနိုင်စွမ်းမရှိဘူးဖြစ်နေတယ်။နိုင်ငံရေးပိုင်းမှာတိုးတက်မှုမရှိတဲ့အခြေအနေကြောင့်သိသာတဲ့ထိခိုက်မှုတွေအခုချိန်မှာစတင်ဖြစ်ပေါ်လာနေပါပြီ။တော်လှန်ရေးအင်အားစုတွေကိုနိုင်ငံတကာကအသိအမှတ်မပြုသေးဘူး။တရုတ်ဆိုရင်စစ်ကောင်စီဘက်ကိုသိသိသာသာပါသွားခဲ့တယ်။ဒီအချက်ကိုဒီနှစ်ထဲမှာမပြင်နိုင်ရင်တော်လှန်ရေးအောင်မြင်ဖို့အခက်အခဲတွေအများကြီးဖြစ်လာနိုင်ပါတယ်။