Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

“လူငယ်တွေအတွက် နောက်ဆုံးမိနစ်”

စစ်မှုထမ်းဖို့အသက်အရွယ်နဲ့ အကျုံး၀င်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီး ပြည်ပထွက်ခွာမယ်ဆိုရင်တောင် စစ်မှုထမ်းပြီးကြောင်း သက်သေပြနိုင်မှသာ ထွက်ခွာခွင့်ပြုမယ် ဆိုတဲ့အမိန့်ကို ထုတ်ပြန်ပြီး အတည်ပြုလိုက်ကြောင်းကြားတော့ ပြည်တွင်းက လူငယ်တွေအတွက် စိတ်ပူမိတယ်။

February 1, 2025
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter
“လူငယ်တွေအတွက် နောက်ဆုံးမိနစ်”

စစ်မှုထမ်းဖို့အသက်အရွယ်နဲ့ အကျုံး၀င်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီး ပြည်ပထွက်ခွာမယ်ဆိုရင်တောင် စစ်မှုထမ်းပြီးကြောင်း သက်သေပြနိုင်မှသာ ထွက်ခွာခွင့်ပြုမယ် ဆိုတဲ့အမိန့်ကို ထုတ်ပြန်ပြီး အတည်ပြုလိုက်ကြောင်းကြားတော့ ပြည်တွင်းက လူငယ်တွေအတွက် စိတ်ပူမိတယ်။
လက်ရှိ ပြည်တွင်းမှာက အထူးသဖြင့် မြို့ပေါ်လို နေရာမျိုးမှာတောင် ဥပဒေမဲ့ ပေါ်တာဆွဲတာတွေ၊ အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်တာတွေက နေရာတိုင်းလိုလိုမှာ ကြားနေရတယ်။ တချို့က ဒီသတင်းတွေကို ကြောက်အောင် ခြောက်တယ်လို့ ထင်ကြပြန်တယ်။
ဒီတော့ ကိုယ်တွေ့တခု ပြောပြမယ်။ ကျနော့်အသိရဲ့ ညီတယောက် သင်္ဘောတက်ခါနီးမို့ သူ့သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲသွားလုပ်တာ၊ အဲဒီနေ့ကတည်းကစပြီး ယနေ့အထိ အိမ်ကိုပြန်မရောက်လာဘူး။ ဘယ်လိုက်မေးမေး သတင်းလည်းမရဘူး ဖြစ်နေတယ်။
နောက်တယောက်ဆို သူ့ကိုတော့ အရပ်ဝတ်နဲ့ကောင်တွေက မသင်္ကာမှုနဲ့ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲစခန်းမဟုတ်ဘဲ ဂိုထောင် လို နေရာတခုကို ခေါ်သွားတာဖြစ်တယ်။ ဟိုရောက်တော့ သူ့လိုမျိုး အဖမ်းခံလာရတဲ့ တခြားသူတွေ ရှိသေးတယ်ဆိုတာကို သိလိုက်ရတယ်။ နောက်တော့ အိမ်တွေကိုဖုန်းဆက်၊ ငွေနဲ့ရွေးခိုင်းပြီး သူတို့တောင်းတာ မပေးနိုင်ရင် စစ်မှုထမ်းဖို့ ပို့မယ်ဆိုတဲ့အကြောင်း ပေါ်တင်ပြောပြီး ပြန်ပေးဆွဲသလို လုပ်တာတွေလည်း ရှိနေတယ်။
ဒီလိုကိစ္စတွေကို စစ်ကောင်စီက အရာရှိတွေနဲ့ ဇိုးတွေက ပူးပေါင်းပြီး ကျူးလွန်နေတယ် ဆိုတာကိုလည်း လွတ်လာတဲ့ ချာတိတ်တွေဆီက သိရတယ်။ဒီတော့ ပြောချင်တာက လက်ရှိ ပြည်တွင်းမှာ လူငယ်တွေကြုံနေရတဲ့ ပြဿနာတွေက ပေါ့သေးသေးမဟုတ်ဘူး။
ဒီလို ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံတွေ့နေရချိန် တဘက်မှာလည်း ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲ ကျင်းပပြီး တိုင်းပြည်က သာယာနေသယောင် ပုံမှန်အတိုင်း လည်ပတ်နေသလိုမျိုး စစ်ကောင်စီက ပုံဖော်နေတယ်။
လက်ရှိ ပြည်တွင်းကသူတွေမှာလည်း အဖွဲ့သုံးဖွဲ့ ကွဲနေတယ်။ ဘယ်လို သုံးဖွဲ့လဲဆိုတော့ …
၁။ လက်ရှိအခြေအနေကနေ ရုန်းထွက်ပြီး ပြည်ပကို ထွက်ခွာမယ့်အဖွဲ့ (ဝါ) တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စကစကို ပြန်တိုက်မယ့် တဖွဲ့။
၂။ ရုန်းတော့ မထွက်ဘူး၊ ပြည်တွင်းမှာဆက်နေပြီး စကစကို ပေးကျွေးရင်းနဲ့ အလိုက်သင့် ရသလောက် မျောမယ်၊ နောက်ဆုံးမိနစ်ရောက်မှ လွတ်မြောက် ရာကို ရှာမယ်ဆိုတဲ့ တဖွဲ့။
၃။ ရုန်းလည်း မထွက်ဘူး၊ အလိုက်သင့်လည်း မမျောဘူး၊ မိုးပြို အများပဲ၊ ကံရှိသလောက်နေမယ်၊ သေရင်လည်း သေ၊ ရှင်လည်း ရှင်ဆိုတဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုတဲ့ တဖွဲ့။
ဒီလိုမျိုး ပြည်တွင်းမှာ သုံးဖွဲ့ ကွဲနေကြတယ်။
ဒီနေရာမှာ နံပါတ် ၁ အဖွဲ့ကို ဘာမှ မပြောလိုပေမယ့် ၂ နဲ့ ၃ ကိုတော့ ပြောစရာရှိတယ်။ နံပါတ် ၂ က လက်ရှိ ကျနော် အရင်နေခဲ့တဲ့ ရပ်ကွက်ထဲက လူတွေလိုပဲ။ အဲသည်ရပ်ကွက်က စစ်မှုထမ်းဥပဒေကို ရှောင်ချင်ကြတဲ့အတွက် တအိမ်ကို ဘယ်လောက်ဆိုပြီး အုပ်ကြီးကို ငွေပေးပြီး နေကြတယ်။ အုပ်ကြီးက တဆင့် ဆိုင်ရာပိုင်ရာ အရာရှိတွေကို တလ ဘယ်လောက်ဆိုတဲ့နှုန်းနဲ့ ပေးထားပြီး တရပ်ကွက်လုံး စစ်မှုထမ်းကနေ ကင်းလွတ်အောင် လုပ်ထားကြတယ်။
ဒါပေမယ့် ပြောစရာရှိတာက ဒီလိုအခြေအနေက ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာလဲ ဆိုတာပါပဲ။ ဒါကလည်း မသေချာတဲ့ ကိစ္စတခု။
နံပါတ် ၃ ကတော့ ရှင်းတယ်၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဆိုတဲ့အတိုင်းပဲ၊ မိုးပြို အများဆိုပြီး အသက်နဲ့ဘ၀ကို ကံတရားပေါ် ပုံချထားလိုက်တာဆိုတော့ ဘာဖြစ်ဖြစ် ငါတယောက်တည်းမဟုတ်ဘူး၊ မင်းတို့လည်း ခံရမှာပဲ ဆိုတဲ့စိတ်နဲ့ နေလို့ရသလို နေတာ။
လက်ရှိမှာ စစ်ရေးအခြေအနေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် နေရာစုံမှာ စစ်မီးတွေက ရဲရဲတောက်လောင်နေကြပြီ။ ဒီလို လောင်နေတဲ့နေရာကနေ တချို့တွေက ရှောင်ထွက်လာပြီး လက်ကျန် စစ်မီးမတောက်သေးတဲ့ ဒေသတွေဆီ ခိုလှုံနေကြတယ်။ ဒီလို စစ်မီးမတောက်သေးတဲ့ ဒေသတွေဆိုတာကလည်း အခိုက်အတန့်ပဲ၊ စစ်မီးက မြို့ကြီး၊ပြကြီးလို နေရာတွေအထိ တချိန်မဟုတ်တချိန် ကူးလာတော့မှာ။
ဒီတော့ ဒီလိုအခြေအနေမှာ လူငယ်တွေအတွက် မဖြစ်မနေ ရွေးချယ်စရာက နှစ်ခုပဲ ရှိတော့တာ။ ပြန်တိုက်မလား၊ လည်စင်းခံမလား ဆိုတာပဲ။ နိုင်ငံခြားထွက်ပြီး ရှောင်မှာတွေ၊ ပြည်တွင်းမှာပတ်ပြီး ရှောင်မှာတွေက ရေတိုအတွက်ပဲ အဆင်ပြေမှာ၊ ရေရှည်မှာ လူငယ်တွေအတွက် ရွေးစရာက တိုက်မလား၊ လည်စင်းခံမလားဆိုတဲ့ နှစ်ခုထက်ပိုပြီး တခြားရွေးချယ်စရာ ရှိလာမှာ မဟုတ်တော့ဘူး။
ဒီနေရာမှာ နောက်ဆုံး ရွေးစရာမရှိတော့လို့ စစ်မှုပဲ ထမ်းတော့မယ်ဆိုပြီး ရွေးချယ်လိုက်ရင်တော့ လက်ရှိ ရှေ့တန်းမှာ သေဆုံးနေတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ ပြည်သူ့စစ်တွေရဲ့ အလောင်းတွေကိုပဲ မျက်စိထဲ မြင်အောင်ကြည့်စေချင်တယ်။ ဘာလို့ ဒီစကားကို ပြောရလဲဆိုရင် ဒီကောင်တွေရဲ့ သေဆုံးခြင်းက အဓိပ္ပါယ်မရှိတဲ့ သေဆုံးခြင်း ဖြစ်နေလို့ပဲ။
ဒါကို သိလျက်နဲ့ ရတယ်၊ သေရင်လည်းသေပါစေ အေးဆေးပဲဆိုပြီး ပုံမှန်အတိုင်း ကလပ်တက်၊ ဘားတက်ပြီး ပျော်ရွှင်မြဲ ပျော်ရွှင်နေကြမယ်ဆိုရင် အကုန် လုံး လည်စင်းခံရမယ့်ဘ၀နဲ့ ကြက်ခြံထဲက ကြက်တွေလို အဓိပ္ပါယ်မဲ့ သေပွဲဝင်ရမယ်ဆိုတာကို တွေးထားပါ။
အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။ ဒါကြောင့် လူငယ်တွေအနေနဲ့ နိုင်ငံရေးအသိနဲ့ စစ်ရေးသတိကို မမေ့ဘဲ စစ်ကောင်စီကို တုန့်ပြန်နိုင်ဖို့ ကြိုးစားရမယ့်အချိန်ကို ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်။

ReplyForward

Add reaction

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English