Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စင်ကာပူကုမ္ပဏီက မြန်မာစစ်တပ် လောင်စာဆီထုတ်လုပ်ရေးတွင် ပါဝင်ကူညီပေးနေ

စင်ကာပူစတော့အိတ်ချန်းစာရင်းဝင် ကုမ္ပဏီ၏ မြန်မာပြည်တွင်း လည်ပတ်နေသော လုပ်ငန်းများသည် မြန်မာစစ်ကောင်စီကို ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့ သည်ဟု ဆိုသည်။

January 29, 2025
in သတင်း
Reading Time:4 mins read
Share on FacebookShare on Twitter

စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Interra Resources သည် မြန်မာစစ်ကောင်စီ ၏ လောင်စာဆီထုတ်လုပ်ရေးများတွင် ပါဝင်ခဲ့သည့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ သော ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း တက်ကြွလှုပ်ရှားသည့် Justice For Myanmar အဖွဲ့ က ယနေ့ (ဇန်နဝါရီ ၂၉) တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ Interra Resources ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ နှစ်ကုန်အတွင်း စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့သည့် Glodpetrol Joint Operating Company Inc. ကုမ္ပဏီ၏ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

အဆိုပါ ရေနံများကို စစ်ကောင်စီက စစ်ရာဇဝတ်မှုများကျူးလွန်နေသော မကွေးတိုင်းအတွင်းတွင် တည်ရှိ သော Goldpetrol ၏ ကုန်းတွင်းရေနံမြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းမှ ထုတ်ယူခဲ့သည်ဟု ဖော်ပြ ထားသည်။

ထိုကုမ္ပဏီ၏ စတော့အိတ်ချိန်းထုတ်ပြန်ချက်များ၊ ပေါက်ကြားလာသည့် ဘာဏာရေးဆိုင်ရာ အစီရင်ခံစာ များအပေါ် JFM နှင့် UK သတင်းထောက်အဖွဲ့အစည်းတို့၏ သုံးသပ်ချက်များအရ အဆိုပါကာလအတွင်း Interra Resources သည် မြန်မာပြည်တွင်းလုပ်ငန်းများထံမှ ဝင်ငွေ ဒေါ်လာ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ချောက်နှင့်ရေနံချောင်းနယ်မြေများမှ ထွက်ရှိလာသော အဆိုပါရေနံများကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း (MPE) လက်အောက်မှ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ဓာတုဗေဒ စက်ရုံတွင် သန့်စင်ချက်လုပ်ခြင်း ဖြစ်သည်။

အရပ်သားများနှင့် နိုင်ငံအနှံ့ ဗုံးကြဲ၊ တိုက်ခိုက်နေသည့် စစ်ကောင်စီသည် လိုအပ်နေသော လောင်စာဆီ  များအတွက် နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်များရှိနေရာ မန်းသံပုရာကန်ရေနံချက်စက်ရုံသည် စစ်တပ်၏ လေယာဉ်များ၊ ထရပ် ကားများနှင့် တင့်ကားများ မောင်းနှင်ရန် လိုအပ်သည့် ဒီဇယ်နှင့် လေယာဉ်ဆီများကို ချက်လုပ်ပေးနေခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်သတင်းဖော်ပြချက်အရ  အဆိုပါ ရေနံချက်စက်ရုံ၏ အဓိကထုတ်ကုန်များအဖြစ် လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံ ဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး ကြိုးပမ်းလုပ်ဆောင်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်က မှာကြားခဲ့ကြောင်း ဖော်ပြထားသည်။

စက်ရုံမှ လိုအပ်သော ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထောက်ရှာပင်၊ ကမ်းနီရေနံမြေများ မှ ထုတ်လုပ် ပေးနေသည်ဟု ဖော်ပြထားသည်။

-စစ်ကောင်စီနှင့် စွမ်းအင်ဝန်ကြီး  မန်းသံပုရာကန် ဓာတုဗေဒစက်ရုံကို ၂၀၂၂ မေလအတွင်းက လာ ရောက်ခဲ့စဉ်။ (ဓာတ်ပုံ-စစ်ကောင်စီပြန်ကြားရေး) 

အဆိုပါမန်းသံပုရာကန် ရေနံချက်စက်ရုံက လစဉ်ထုတ်လုပ်နေသော လောင်စာဆီများကို ပြည်တွင်း ဆီဆိုင်တချို့တွင် စစ်ကောင်စီက ရောင်းချပေးနေသော်လည်း အရည်အသွေးမကောင်းဟု ဝယ်ယူသူ များက ဝေဖန်မှုများရှိနေသည်။

၂၀၂၃ ဩဂုတ်လအထိ စာရင်းများအရ အဆိုပါ Interra Resources ကုမ္ပဏီတွင် အင်ဒိုနီးရှားဘီလီယံနာ သူဌေးကြီး Edwin Soeryadjaya က ဥက္ကဋ္ဌ ဖြစ်ပြီး ၎င်းက ရှယ်ယာ ၁၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ကာ ၎င်းနှင့် အတူ အင်ဒိုနီးရှား ဝန်ကြီးဟောင်း Sandiaga Salahuddin Uno က ဒုဥက္ကဋ္ဌ ဖြစ်ကာ ရှယ်ယာအနည်းငယ်သာ ပါသည်ဟု သိရသည်။

MOGE နှင့် တိုက်ရိုက်ပတ်သက်သော Goldpetrol ကုမ္ပဏီ၏ မိတ်ဖက် တရုတ်ကုမ္ပဏီ ZhenHua Oil သည် မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက် ရောင်းသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီ NPRINCO ၏ ကုမ္ပဏီခွဲ လည်း ဖြစ်သည်။

စစ်ကောင်စီ၏ အကြီးဆုံး နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) သည်  အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် ဥရောပသမဂ္ဂ (EU) ၏ ၂၀၂၂ ဖေဖော်ဝါရီလမှစ၍ အရေးယူပိတ်ဆို့မှု ခံထားရသည်။

ထို့ကြောင့် စင်ကာပူကုမ္ပဏီ Interra Resources အနေဖြင့် မြန်မာစစ်တပ်ထံ ရေနံရောင်းချထောက်ပံ့နေခြင်း ချက်ချင်းရပ်တန့်ရန်  JFM က တောင်းဆိုထားသည်။

အလားတူ စင်ကာပူစတော့အိတ်ချိန်းကိုလည်း မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်မှုဖြင့် ၎င်း၏အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီအား အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

MOGE နှင့် Interra Resources တို့အကြား ငွေပေးချေမှုကို စစ်ကောင်စီထိန်းချုပ်ဘဏ်များ၊ MOGE,MPE တို့အပေါ် စင်ကာပူအစိုးရအနေဖြင့်လည်း ဒဏ်ခတ်ပိတ်ဆို့ရန် JFM က တောင်းဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော စင်ကာပူအနေဖြင့် ၎င်းတို့ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများ သည် မြန်မာစစ်တပ်ထံ ရုပ်ဝတ္ထုများ ထောက်ပံ့ကူညီပေးနေမှုကြောင့် မြန်မာပြည်တွင်း အကျပ်အတည်း ကြာရှည်နေခြင်းမှ ကာကွယ်တားဆီးရန် အထူးတာရှိသည်ဟု ဆိုသည်။

Interra Resources ၏ ကြံရာပါပတ်သက်မှုကို အရေးယူဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Interra Resources က အကြမ်းဖက် စစ်အုပ်စုဆီ ရေနံတွေ ဆက်လက်ရောင်းချပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကြံရာပါ ပတ်သက်က်နေပါတယ်“ ဟု ပြောသည်။

ဆက်လက်၍ “ MOGE နဲ့ အဲ့ဒီကုမ္ပဏီ (Interra Resources )ရဲ့  စီးပွားဆက်နွှယ်မှုက  ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုး ကူညီနေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ ဘဏာငွေ ၊ စစ်လက်နက်နှင့် လောင်စာဆီ ရရှိနေမှုများကို ဖြတ်တောက်ရန် ၊ အရေးယူမှု များဆောင်ရွက်ရန် Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူကလည်း တိုက်တွန်းထားသည်။

“ စင်ကာပူ အပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု တွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ ပါဝင်မှုကို အဆုံးသတ်ရပါမယ်” ဟု ၎င်းက ပြောသည်။

JFM သည် မြန်မာစစ်တပ်၏ အကျိုးစီးပွား ပါဝင်ပတ်သက်နေမှုများကို ထုတ်ဖော်ပြောဆိုနေသည့် အရပ်ဖက်အဖွဲ့တစ်ခုဖြစ်ကာ သုတေသနပြုခြင်း၊ ဒေတာအချက်အလက်များကို ပုံဖော်ခြင်းနှင့် အစီရင်ခံ ခြင်းများကိုဆောင်ရွက်နေကာ အကျိုးအမြတ်ရသောနေ ကုမ္ပဏီများနှင့် ရာဇဝတ်ကောင်များကိုဖော်ထုတ် နေသည့်အဖွဲ့ဖြစ်သည်။

စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများသည်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်ရန် အရေးပါသော စက်ပစ္စည်းများနှင့် အပိုပစ္စည်းများကို ရောင်းချပေးခဲ့သည်ဟု ယမန်နှစ် ဩဂုတ်လနောက်ဆုံးပတ်က JFM ၏ စစ်ရာမှုဝတ်မှုကျူးလွန်ရန် ပြင်သစ်လေယာဉ်ကုမ္ပဏီ ATR  ၏ လေယာဉ်များ စစ်တပ်က ဝယ်ယူရန် ကြိုးပမ်းနေမှုထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

JFM သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုကို နိုင်ငံတကာအစိုးရ များနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေကြောင်း ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English